Search This Blog

Thursday, 30 April 2020

အစိုးရမှစီးပွားရေးလုပ်ငန်းများကို ကိုဗစ်ချေးငွေ ကျပ်သိန်း ၃၀ မှသန်း ၆၅၀ အထိ ခွင့်ပြုပေးဟုဆို



Zawgyiျဖင့္ဖတ္ရန္ေအာက္သို႔သြားပါ

အစိုးရက စုစုပေါင်းကျပ် ၁၀ ဘီလျံခန့် ထုတ်ချေးပြီးပြီဟုဆိုသော်လည်း ရရှိချေးငွေပမာဏမှာ နည်းပါးလွန်း၍ လုပ်ငန်းအပေါ် အထောက်အကူမဖြစ်သဖြင့် မထုတ်ယူတော့ဟု ကြေညာသူများလည်းရှိနေသည်
ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများကို ကျားကန်နိုင်ရန် အစိုးရက အနိမ့်ဆုံးချေးငွေ ကျပ်သိန်း ၃၀ မှစတင်ကာ ကျပ်သန်း ၆၅၀ အထိ ထုတ်ချေးပေးနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူကဆိုသည်။
သို့သော် ချေးငွေပမာဏမှာ နည်းပါးလွန်းသဖြင့် လုပ်ငန်းအတွက် အထောက်အကူမရနိုင်၍ ခွင့်ပြုချေးငွေ ပြန်အပ်လိုက်ကြောင်း ခရီးသွားလုပ်ငန်းတစ်ခု၏ ယနေ့နံနက်ထုတ်ပြန်ချက်ကြောင့် အစိုးရ၏ချေးငွေလုပ်ငန်းစဉ်အပေါ် ဝေဖန်မှုများလည်းရှိနေသည်။
ချေးငွေပြန်အပ်လိုက်သည့် ခရီးသွားလုပ်ငန်းဖြစ်သော Apex International ကုမ္ပဏီ၏ဒါရိုက်တာ ဦးသီဟက ၎င်းတို့၏ကုမ္ပဏီက ကျပ်သိန်း ၃၀၀၀ ချေးပေးရန် လျှောက်ထားခဲ့သော်လည်း ကျပ် ၆၅ သိန်းသာ ခွင့်ပြုခဲ့သဖြင့် ထုတ်ယူခြင်းမပြုတော့ဟု ဆိုသည်။
“စိစစ်တဲ့နေရာမှာ ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့လိုမယ်၊ စာရွက်စာတမ်းပေါ်မှာပဲ ကြည့်ပြီး ဆုံးဖြတ်လိုက်တာလို့ မြင်ပါတယ်။ အမှန်တစ်ကယ်ကတော့ လုပ်ငန်းပမာဏ ဘယ်လောက်ရှိလဲဆိုတာ ကွင်းဆင်းစစ်ဆေး ဆုံးဖြတ်သင့်တယ်”ဟု ဦးသီဟက ပြောသည်။
၎င်းတို့ကုမ္ပဏီမှာ မတည်ရင်းနှီးငွေ ကျပ်သိန်း ၅၀၀၀ ဖြင့် လုပ်ငန်းလည်ပတ်နေခြင်းဖြစ်ပြီး ယင်းအပေါ်လည်း နိုင်ငံတော်ကို အခွန်ပေးဆောင်ထားကြောင်း ယင်းကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယနေ့အချိန်ထိ လုပ်ငန်း ၂၀၁ ခုအတွက် ချေးငွေကျပ် ၁၀ ဘီလျံခန့် ခွင့်ပြုခဲ့ပြီး လုပ်သား ထောင်နှင့်ချီရှိသည့် လက်ခစား အထည်ချုပ်လုပ်ငန်းတစ်ခုကို ကျပ်သန်း ၆၅၀ အထိ ထုတ်ချေးပေးထားကြောင်း၊ အနိမ့်ဆုံးပေးအပ်သည့် ချေးငွေပမာဏမှာ ကျပ်သိန်း ၃၀ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကပြောသည်။
“စိစစ်ပြီးထောက်ခံလာတာကို ကျွန်တော်(ကော်မတီအဆင့်က) တစ်ပြားမှမလျှော့ဘူး။ အဲဒီအတိုင်းပဲ ထုတ်ခွင့်ပေးလိုက်တာ” ဟု ၎င်းကပြောဆိုသည်။
ချေးငွေလျှောက်ထားမှုများကို အဆင့်သုံးခုဖြင့် စိစစ်နေခြင်းဖြစ်ကြောင်း ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေး လုပ်ငန်းကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဦးအောင်နိုင်ဦးက ဆိုသည်။
ကိုဗစ်ကိုကျားကန်ရန် အစိုးရက လုပ်ငန်း ၈၈ ခုအား ကျပ် ၆ ဘီလျံကျော် ကနဦးထုတ်ချေး
ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နှင့် ပူးပေါင်း၍ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်း၊ မြန်မာနိုင်ငံလက်မှတ်ရ စာရင်းကိုင်များအသင်းက ငွေကြေးပမာဏ မည်မျှထောက်ပံ့ရမည်ကို ထောက်ခံတင်ပြခြင်း၊ ကော်မတီကအတည်ပြုခြင်း စသည့်အဆင့်များဖြင့် လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။
သို့သော် ချေးငွေခွင့်ပြုပမာဏအပေါ် ဝေဖန်မှုများရှိနေပြီး ချေးငွေပမာဏဆုံးဖြတ်မှု လုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန်လိုအပ်ကြောင်း လုပ်ငန်းရှင်အချို့က ထောက်ပြကြသည်။
“ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်ရဲ့ဟိုတယ် (အင်းလေးမင်းသမီး)က နှစ်ပေါင်းများစွာ အခွန်ဆောင်ထားတာ၊ အင်းလေးရဲ့ဂုဏ်ဆောင်လည်းဖြစ်လို့ ချေးငွေပမာဏ များများရသင့်တာ မှန်တယ်၊ ဒါပေမဲ့ သူ့ကို ကျပ်သိန်းတစ်ထောင်အထက် ပေးပြီးတော့ တစ်ခြားသူတွေကျတော့ သိန်း ၅၀ တို့ ၃၀ တို့ပေးတာက မဖြစ်သင့်ဘူး” ဟု Grand Lotus ကုမ္ပဏီ မန်းနေးဂျင်းဒါရိုက်တာ ဦးကျော်စွာမင်းကပြောသည်။
၎င်း၏ လုပ်ငန်းအတွက်ရရှိသည့် ချေးငွေပမာဏကိုမူ ဦးကျော်စွာမင်းက အတည်ပြောဆိုခြင်းမရှိ​ပေ။ သို့သော် ဝန်ထမ်းလစာစုစုပေါင်း၏ တစ်လစာပင် မရှိဟု​ ၄င်းကဆိုသည်။
ယနေ့လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ကျပ်သိန်းတစ်ထောင်အထက် ချေးငွေရသူများစာရင်းတွင် အင်းလေးမင်းသမီးလီမီတက်လည်း ပါဝင်ခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် အင်းလေးမင်းသမီးကုမ္ပဏီသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်းမရှိပေ။
“မူလကတည်းက စိစစ်တဲ့လုပ်ငန်းစဉ်မှာ ဘက်စုံထောင့်စုံကြည့်ပြီး ပေးကြတာကိုး၊ တစ်ချို့လည်း အများကြီးမျှော်လင့်ပြီး မရတဲ့အတွက် ဘဝင်မကျတာတော့ ရှိကောင်းရှိနိုင်ပါတယ်၊ အများစုကတော့ ကျေနပ်ကြပါတယ်” ဟု ဦးအောင်နိုင်ဦးက Myanmar Now ကိုပြောသည်။
နိုင်ငံတော်အကြီးအကဲများက လုပ်ငန်းရှင်များထံ ချေးငွေ အမြန်ဆုံးပေးအပ်စေလို၍ လျှောက်ထားသူများ ဘဏ်ကြွေးရှိမရှိ စိစစ်ခြင်းကဲ့သို့သော အဆင့်များကိုပင် ချန်လှပ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“လျှောက်လွှာပေါင်း လေးထောင်နီးနီးရှိတယ်၊ အဲဒါကို ကွင်းဆင်းစိစစ်နေရင် နောက်ထပ် လေးငါးလလောက်အတွင်း ရစရာအကြောင်းမရှိဘူး” ဟု ၎င်းကဆိုသည်။
အချို့လုပ်ငန်းရှင်များမှာမူ ချေးငွေရရှိသဖြင့် သက်ဆိုင်ရာဘဏ်သို့ သွားရောက်ချိန်တွင်မှ ယခင်ယူထားသည့် ဘဏ်ချေးငွေအပေါ်တွင် ပြစ်ချက်များရှိထား၍ ယခုချေးငွေကို ထုတ်မရဟု ဆိုကြသည်။
လုပ်ငန်းရှင်နှင့် အစိုးရကြားတွင် ချေးငွေလျှောက်ထားမှုများအတွက် အကူအညီပေးနေသည့် UMFCCI အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းကမူ ပေါ်ပေါက်နေသည့် အငြင်းပွားမှုများအပေါ် မှတ်ချက်ပေးရန်မရှိဟု ဆိုသည်။
ဒုတိယအသုတ်ချေးငွေရရှိသူများ စာရင်းတွင်ပါဝင်သည့် Areo Coffee and Bakery၊ အခွင့်အလမ်းဂျာနယ်၊ Myo Myo Fashion တို့ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ချေးငွေရရှိသည့် ပမာဏနှင့် ထုတ်ယူရမည့် အခြေအနေကို မသိရသေးကြောင်း ပြောဆိုသည်။
ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန်အတွက် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၅၀ ဘီလျံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလျံ စုစုပေါင်း ကျပ်ဘီလျံ ၁၀၀ ကနဦးမတည်၍ ကိုဗစ်ကြောင့် ဆိုးကျိုးသက်ရောက်နေသည့် စီးပွားရေးလုပ်ငန်းများကို ကုစားပေးမည်ဟု မတ် ၁၈ ရက်တွင် အစိုးရကကြေညာ၍ ဆောင်ရွက်နေခြင်းဖြစ်သည်။
အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ထားပြီး အထည်ချုပ်ကဲ့သို့သော ကုန်ကြမ်းယူ၊ ကုန်ချောပို့ လက်ခစားလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ လျှောက်ထားနိုင်သည်ဟု ဆိုထားသည်။


crd myanmar now

စိတ်ကူးသစ်မီဒီယာ (Jennuary)
___________________________


အစိုးရမွစီးပြားေရးလုပ္ငန္းမ်ားကို ကိုဗစ္ေခ်းေငြ က်ပ္သိန္း ၃၀ မွသန္း ၆၅၀ အထိ ခြင့္ျပဳေပးဟုဆို

Zawgyi်ဖင့္ဖတ္ရန္ေအာက္သို႔ၾသားပါ
အစိုးရက စုစုေပါင္းက်ပ္ ၁၀ ဘီလ်ံခန႔္ ထုတ္ေခ်းၿပီးၿပီဟုဆိုေသာ္လည္း ရရိွေခ်းေငြပမာဏမွာ နည္းပါးလြန္း၍ လုပ္ငန္းအေပၚ အေထာက္အကူမျဖစ္သျဖင့္ မထုတ္ယူေတာ့ဟု ေၾကညာသူမ်ားလည္းရိွေနသည္

ကိုဗစ္ႏိုင္တင္းေၾကာင့္ ျဖစ္ေပၚလာႏိုင္သၫ့္ စီးပြားေရးသက္ေရာက္မႈမ်ားကို က်ားကန္ႏိုင္ရန္ အစိုးရက အနိမ့္ဆံုးေခ်းေငြ က်ပ္သိန္း ၃၀ မွစတင္ကာ က်ပ္သန္း ၆၅၀ အထိ ထုတ္ေခ်းေပးေနေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန တာဝန္ရိွသူကဆိုသည္။

သို႔ေသာ္ ေခ်းေငြပမာဏမွာ နည္းပါးလြန္းသျဖင့္ လုပ္ငန္းအတြက္ အေထာက္အကူမရႏိုင္၍ ခြင့္ျပဳေခ်းေငြ ျပန္အပ္လိုက္ေၾကာင္း ခရီးသြားလုပ္ငန္းတစ္ခု၏ ယေန့နံနက္ထုတ္ျပန္ခ်က္ေၾကာင့္ အစိုးရ၏ေခ်းေငြလုပ္ငန္းစဉ္အေပၚ ေဝဖန္မႈမ်ားလည္းရိွေနသည္။

ေခ်းေငျြပန္အပ္လိုက္သၫ့္ ခရီးသြားလုပ္ငန္းျဖစ္ေသာ Apex International ကုမၸဏီ၏ဒါရိုက္တာ ဦးသီဟက ၄တို႔၏ကုမၸဏီက က်ပ္သိန္း ၃၀၀၀ ေခ်းေပးရန္ ေလ်ွာက္ထားခဲ့ေသာ္လည္း က်ပ္ ၆၅ သိန္းသာ ခြင့္ျပဳခဲ့သျဖင့္ ထုတ္ယူျခင္းမျပဳေတာ့ဟု ဆိုသည္။

“စိစစ္တဲ့ေနရာမွာ ဒီထက္ပိုၿပီး ပြင့္လင္းျမင္သာမႈရိွဖို႔လိုမယ္၊ စာရြက္စာတမ္းေပၚမွာပဲ ၾကၫ့္ၿပီး ဆံုးျဖတ္လိုက္တာလို႔ ျမင္ပါတယ္။ အမွန္တစ္ကယ္ကေတာ့ လုပ္ငန္းပမာဏ ဘယ္ေလာက္ရိွလဲဆိုတာ ကြင္းဆင္းစစ္ေဆး ဆံုးျဖတ္သင့္တယ္”ဟု ဦးသီဟက ေျပာသည္။

၄တို႔ကုမၸဏီမွာ မတည္ရင္းႏွီးေငြ က်ပ္သိန္း ၅၀၀၀ ျဖင့္ လုပ္ငန္းလည္ပတ္ေနျခင္းျဖစ္ၿပီး ယင္းအေပၚလည္း ႏိုင္ငံေတာ္ကို အခြန္ေပးေဆာင္ထားေၾကာင္း ယင္းကုမၸဏီ၏ထုတ္ျပန္ခ်က္တြင္ ပါရိွသည္။

ယေန့အခ်ိန္ထိ လုပ္ငန္း ၂၀၁ ခုအတြက္ ေခ်းေငြက်ပ္ ၁၀ ဘီလ်ံခန႔္ ခြင့္ျပဳခဲ့ၿပီး လုပ္သား ေထာင္ႏွင့္ခ်ီရိွသၫ့္ လက္ခစား အထည္ခ်ဳပ္လုပ္ငန္းတစ္ခုကို က်ပ္သန္း ၆၅၀ အထိ ထုတ္ေခ်းေပးထားေၾကာင္း၊ အနိမ့္ဆံုးေပးအပ္သၫ့္ ေခ်းေငြပမာဏမွာ က်ပ္သိန္း ၃၀ ျဖစ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးကေျပာသည္။

“စိစစ္ၿပီးေထာက္ခံလာတာကို ကြၽန္ေတာ္(ေကာ္မတီအဆင့္က) တစ္ျပားမွမေလ်ွာ့ဘူး။ အဲဒီအတိုင္းပဲ ထုတ္ခြင့္ေပးလိုက္တာ” ဟု ၄ကေျပာဆိုသည္။

ေခ်းေငြေလ်ွာက္ထားမႈမ်ားကို အဆင့္သံုးခုျဖင့္ စိစစ္ေနျခင္းျဖစ္ေၾကာင္း ကိုဗစ္ႏိုင္တင္းေၾကာင့္ ျဖစ္ေပၚလာႏိုင္သၫ့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚကုစားေရး လုပ္ငန္းေကာ္မတီ၏ အတြင္းေရးမွဴးလည္းျဖစ္သူ ဦးေအာင္ႏိုင္ဦးက ဆိုသည္။

ကိုဗစ္ကိုက်ားကန္ရန္ အစိုးရက လုပ္ငန္း ၈၈ ခုအား က်ပ္ ၆ ဘီလ်ံေက်ာ္ ကနဦးထုတ္ေခ်း
ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ (UMFCCI)ႏွင့္ ပူးေပါင္း၍ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီမႈရိွမရိွ စစ္ေဆးျခင္း၊ ျမန္မာႏိုင္ငံလက္မွတ္ရ စာရင္းကိုင္မ်ားအသင္းက ေငြေၾကးပမာဏ မည္မ်ွေထာက္ပံ့ရမည္ကို ေထာက္ခံတင္ျပျခင္း၊ ေကာ္မတီကအတည္ျပဳျခင္း စသၫ့္အဆင့္မ်ားျဖင့္ လုပ္ေဆာင္ေနေၾကာင္း ၄ကဆိုသည္။

သို႔ေသာ္ ေခ်းေငြခြင့္ျပဳပမာဏအေပၚ ေဝဖန္မႈမ်ားရိွေနၿပီး ေခ်းေငြပမာဏဆံုးျဖတ္မႈ လုပ္ငန္းစဉ္ကို ပြင့္လင္းျမင္သာစြာ ထုတ္ျပန္ရန္လိုအပ္ေၾကာင္း လုပ္ငန္းရွင္အခ်ိဳ႕က ေထာက္ျပၾကသည္။

“ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီး ဦးအုန္းေမာင္ရဲ့ဟိုတယ္ (အင္းေလးမင္းသမီး)က ႏွစ္ေပါင္းမ်ားစြာ အခြန္ေဆာင္ထားတာ၊ အင္းေလးရဲ့ဂုဏ္ေဆာင္လည္းျဖစ္လို႔ ေခ်းေငြပမာဏ မ်ားမ်ားရသင့္တာ မွန္တယ္၊ ဒါေပမဲ့ သူ႔ကို က်ပ္သိန္းတစ္ေထာင္အထက္ ေပးၿပီးေတာ့ တစ္ျခားသူေတြက်ေတာ့ သိန္း ၅၀ တို႔ ၃၀ တို႔ေပးတာက မျဖစ္သင့္ဘူး” ဟု Grand Lotus ကုမၸဏီ မန္းေနးဂ်င္းဒါရိုက္တာ ဦးေက်ာ္စြာမင္းကေျပာသည္။

၄၏ လုပ္ငန္းအတြက္ရရိွသၫ့္ ေခ်းေငြပမာဏကိုမူ ဦးေက်ာ္စြာမင္းက အတည္ေျပာဆိုျခင္းမရိွ​ေပ။ သို႔ေသာ္ ဝန္ထမ္းလစာစုစုေပါင္း၏ တစ္လစာပင္ မရိွဟု​ ၄င္းကဆိုသည္။

ယေန့လူမႈကြန္ရက္တြင္ ပ်ံ့ႏွံ႔လာသၫ့္ က်ပ္သိန္းတစ္ေထာင္အထက္ ေခ်းေငြရသူမ်ားစာရင္းတြင္ အင္းေလးမင္းသမီးလီမီတက္လည္း ပါဝင္ခဲ့ၿပီး ယင္းကိစၥႏွင့္ပတ္သက္၍ ေမးျမန္းႏိုင္ရန္ အင္းေလးမင္းသမီးကုမၸဏီသို႔ ဆက္သြယ္ေသာ္လည္း ဖုန္းကိုင္ျခင္းမရိွေပ။

“မူလကတည္းက စိစစ္တဲ့လုပ္ငန္းစဉ္မွာ ဘက္စံုေထာင့္စံုၾကၫ့္ၿပီး ေပးၾကတာကိုး၊ တစ္ခ်ိဳ႕လည္း အမ်ားႀကီးေမ်ွာ္လင့္ၿပီး မရတဲ့အတြက္ ဘဝင္မက်တာေတာ့ ရိွေကာင္းရိွႏိုင္ပါတယ္၊ အမ်ားစုကေတာ့ ေက်နပ္ၾကပါတယ္” ဟု ဦးေအာင္ႏိုင္ဦးက Myanmar Now ကိုေျပာသည္။

ႏိုင္ငံေတာ္အႀကီးအကဲမ်ားက လုပ္ငန္းရွင္မ်ားထံ ေခ်းေငြ အျမန္ဆံုးေပးအပ္ေစလို၍ ေလ်ွာက္ထားသူမ်ား ဘဏ္ေႂကြးရိွမရိွ စိစစ္ျခင္းကဲ့သို႔ေသာ အဆင့္မ်ားကိုပင္ ခ်န္လွပ္ေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း ၄ကဆိုသည္။

“ေလ်ွာက္လႊာေပါင္း ေလးေထာင္နီးနီးရိွတယ္၊ အဲဒါကို ကြင္းဆင္းစိစစ္ေနရင္ ေနာက္ထပ္ ေလးငါးလေလာက္အတြင္း ရစရာအေၾကာင္းမရိွဘူး” ဟု ၄ကဆိုသည္။

အခ်ိဳ႕လုပ္ငန္းရွင္မ်ားမွာမူ ေခ်းေငြရရိွသျဖင့္ သက္ဆိုင္ရာဘဏ္သို႔ သြားေရာက္ခ်ိန္တြင္မွ ယခင္ယူထားသၫ့္ ဘဏ္ေခ်းေငြအေပၚတြင္ ျပစ္ခ်က္မ်ားရိွထား၍ ယခုေခ်းေငြကို ထုတ္မရဟု ဆိုၾကသည္။

လုပ္ငန္းရွင္ႏွင့္ အစိုးရၾကားတြင္ ေခ်းေငြေလ်ွာက္ထားမႈမ်ားအတြက္ အကူအညီေပးေနသၫ့္ UMFCCI အေထြေထြအတြင္းေရးမွဴးခ်ဳပ္ ဦးေအးဝင္းကမူ ေပၚေပါက္ေနသၫ့္ အျငင္းပြားမႈမ်ားအေပၚ မွတ္ခ်က္ေပးရန္မရိွဟု ဆိုသည္။

ဒုတိယအသုတ္ေခ်းေငြရရိွသူမ်ား စာရင္းတြင္ပါဝင္သၫ့္ Areo Coffee and Bakery၊ အခြင့္အလမ္းဂ်ာနယ္၊ Myo Myo Fashion တို႔ကို Myanmar Now က ဆက္သြယ္ေမးျမန္းရာတြင္ ေခ်းေငြရရိွသၫ့္ ပမာဏႏွင့္ ထုတ္ယူရမၫ့္ အေျခအေနကို မသိရေသးေၾကာင္း ေျပာဆိုသည္။

ကိုဗစ္ႏိုင္တင္းေၾကာင့္ ျဖစ္ေပၚလာႏိုင္သၫ့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားႏိုင္ရန္အတြက္ ႏိုင္ငံေတာ္လွၫ့္ပတ္ရန္ပံုေငြမွ က်ပ္ ၅၀ ဘီလ်ံႏွင့္ လူမႈဖူလံုေရးရန္ပံုေငြမွ က်ပ္ ၅၀ ဘီလ်ံ စုစုေပါင္း က်ပ္ဘီလ်ံ ၁၀၀ ကနဦးမတည္၍ ကိုဗစ္ေၾကာင့္ ဆိုးက်ိဳးသက္ေရာက္ေနသည့္ စီးပြားေရးလုပ္ငန္းမ်ားကို ကုစားေပးမည္ဟု မတ္ ၁၈ ရက္တြင္ အစိုးရကေၾကညာ၍ ေဆာင္ရြက္ေနျခင္းျဖစ္သည္။

အတိုးႏႈန္း ၁ ရာခိုင္ႏႈန္းျဖင့္ ျပန္ဆပ္ကာလ ၁ ႏွစ္ သတ္မွတ္ထားၿပီး အထည္ခ်ဳပ္ကဲ့သို႔ေသာ ကုန္ၾကမ္းယူ၊ ကုန္ေခ်ာပို႔ လက္ခစားလုပ္ငန္းမ်ား၊ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းမ်ားႏွင့္ အေသးစား အလတ္စား စီးပြားေရးလုပ္ငန္းမ်ား ေလ်ွာက္ထားႏိုင္သည္ဟု ဆိုထားသည္။

Crd myanmar now
စိတ္ကူးသစ္မီဒီယာ (Jennuary)

No comments:

Post a Comment