Search This Blog

Thursday, 30 April 2020

သားရှိတဲ့ဆေးရုံသွားဖို့ ဆိုင်ကယ်ဆီပြတ်၍အခက်အခဲဖြစ်နေသူကိုရဲဝန်ထမ်းများတွေ့၍ကူညီခဲ့


Zawgyiျဖင့္ဖတ္ရန္ေအာက္သို႔သြားပါ

ယူတတ်ရင် ကုသိုလ်ရပါတယ်(မန္တ​လေး)
_______________________________
ဒီ‌ည ကျွန်တော်တို့အဖွဲ့ လှည့်ကင်းထွက်နေရင်း
ကိုဗစ်ကြောင့် ညမထွက်ရအချိန်မှာ
လူငယ်တစ်ယောက် ည(၁၁)အချိန်
ဆိုင်ကယ်တစ်စီးကိုတွန်းလာတာတွေ့လို့ 
စစ်ဆေးမေးမြန်းခဲ့ရာ 
ကျွန်တော့်သားလေး ဆေးရုံတင်ထားရလို့ အိမ်ကနေ
ဆေးရုံကိုသွားနေတာပါ လမ်းမှာ ဆိုင်ကယ်ကဆီပြတ်သွားလို့ အခုလိုတွန်းလာရတာပါ တဲ့
ဆေးစာအုပ်တွေလည်း ပါလာတာတွေ့ရတယ်
ဖုန်းဆက်မေးတော့လည်း မှန်ကန်တယ်

ဒီအချိန်မှာ ဘယ်ဆီဆိုင်မှ မဖွင့်တော့ဘူး
ဆေးရုံအထိတွန်းသွားရင်လည်း (၁)နာရီလောက်တွန်းသွားရရင် သူ့ခမျာ မလွယ်လောက်ဘူး

အဲ့ဒီတော့ ရဲတပ်ကြပ် ငွေလင်းထူးက
သူ့ဆိုင်ကယ်ထဲက ဆီကိုထုတ်ပေးပြီး
ထည့်ပေးခဲ့လိုက်ပါတယ်

ဆီအတွက် တန်ဖိုးမရှိပေမယ့်လည်း
အခုလို လူတစ်ဖက်သား အခက်အခဲဖြစ်နေချိန်မှာ
ကူညီပေးခဲ့ရလို့ ပီတိဖြစ်မိပါတယ်

credit-Zaw Moe Thant
________________________


ယူတတ္ရင္ ကုသိုလ္ရပါတယ္(မနၱ​ေလး)

ဒီ‌ည ကၽြန္ေတာ္တို့အဖြဲ႕ လွည့္ကင္းထြက္ေနရင္း
ကိုဗစ္ေၾကာင့္ ညမထြက္ရအခ်ိန္မွာ
လူငယ္တစ္ေယာက္ ည(၁၁)အခ်ိန္
ဆိုင္ကယ္တစ္စီးကိုတြန္းလာတာေတြ႔လို႔
စစ္ေဆးေမးျမန္းခဲ့ရာ
ကၽြန္ေတာ့္သားေလး ေဆး႐ုံတင္ထားရလို့ အိမ္ကေန
ေဆး႐ုံကိုသြားေနတာပါ လမ္းမွာ ဆိုင္ကယ္ကဆီျပတ္သြားလို့ အခုလိုတြန္းလာရတာပါ တဲ့
ေဆးစာအုပ္ေတြလည္း ပါလာတာေတြ႕ရတယ္
ဖုန္းဆက္ေမးေတာ့လည္း မွန္ကန္တယ္
ဒီအခ်ိန္မွာ ဘယ္ဆီဆိုင္မွ မဖြင့္ေတာ့ဘူး
ေဆး႐ုံအထိတြန္းသြားရင္လည္း (၁)နာရီေလာက္တြန္းသြားရရင္ သူ႔ခမ်ာ မလြယ္ေလာက္ဘူး
အဲ့ဒီေတာ့ ရဲတပ္ၾကပ္ ေငြလင္းထူးက
သူ႔ဆိုင္ကယ္ထဲက ဆီကိုထုတ္ေပးၿပီး
ထည့္ေပးခဲ့လိုက္ပါတယ္
ဆီအတြက္ တန္ဖိုးမရွိေပမယ့္လည္း
အခုလို လူတစ္ဖက္သား အခက္အခဲျဖစ္ေနခ်ိန္မွာ
ကူညီေပးခဲ့ရလို့ ပီတိျဖစ္မိပါတယ္

credit-Zaw Moe Thant

No comments:

Post a Comment