Search This Blog

Friday, 21 February 2020

ဗစ်တိုးရီးယားအမှု လစ်ဟာသူတွေကို အရေးယူဖို့ သမ္မတ ညွှန်ကြာ(ဗစ္တိုးရီးယားအမႈ လစ္ဟာသူေတြကို အေရးယူဖို႔ သမၼတ ၫႊန္ၾကား)



[Unicode]
မူကြိုကျောင်းသူ လိင်မတရားကျင့်ခံရတယ်ဆိုတဲ့ ဗစ်တိုးရီးယား အမှုမှာ လစ်ဟာမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ တာဝန်ရှိသူတွေကို သက်ဆိုင်ရာဌာနတွေက အရေးယူဖို့ သမ္မတက ညွှန်ကြားလိုက်ပါတယ်။
ဗစ်တိုးရီးယားအမှုမှာ လုပ်ထုံးလုပ်နည်းနဲ့ အညီ မဆောင်ရွက်နိုင်တဲ့၊ တာဝန်ကျေပွန်စွာ မဆောင်ရွက်နိုင်တဲ့၊ လစ်ဟာမှုတွေ ဖြစ်ပေါ်ခဲ့တဲ့၊ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်မှု မရှိတဲ့ တာဝန်ရှိသူတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းက လိုအပ်သလို အရေးယူ ဆောင်ရွက်ဖို့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ညွန်ကြားထားတယ်လို့ ဒီကနေ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။
နေပြည်တော်က အသက်သုံးနှစ်မပြည့်သေးတဲ့ မူကြိုကျောင်းသူ ဗစ်တိုးရီးယား(အမည်လွှဲ)အမှုမှာ သံသယ တရားခံကို တရားရုံးက တရားရှင် လွှတ်လိုက်ပြီးနောက်မှာ ကလေးရဲ့ ဖခင်ဖြစ်သူက သမ္မတဆီကို ကူညီဆောင်ရွက်ပေးဖို့ စာတင်ထားခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
အဲဒီအတွက် သမ္မတက သက်ဆိုင်ရာ ဌာန သုံးခုကို ညွှန်ကြားချက် လေးချက် ပေးထားခဲ့ပြီး အဲဒီ အဖွဲ့အစည်းတွေရဲ့ ပြန်လည် တင်ပြချက်အရ သမ္မတက အခုလို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး တို့ဆီကို သမ္မတက ညွှန်ကြားချက် လေးချက် ပေးထားတာ ဖြစ်ပါတယ်။
၁) အမှုမှန် ပေါ်ပေါက်ဖို့
၂) တာဝန်ခံမှု၊ တာဝန်ယူမှု ရှိဖို့
၃) ဥပဒေနဲ့အညီ ဖြစ်ဖို့
၄) တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ထားတာတွေကို ပကတိ တွေ့ရှိချက် အမှန်တရားအတိုင်း ပြန်လည် တင်ပြဖို့တို့ကို ညွှန်ကြားထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။




အဲဒါနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ချုပ်က တရားရေးဆိုင်ရာ၊ ပြည်ထဲရေးက အမှု စစ်ဆေးရေးဆိုင်ရာ၊ ရှေ့နေချုပ်ရုံးက ဥပဒေပိုင်းဆိုင်ရာတွေကို သမ္မတဆီ ပြန်တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားအမှု ပြင်ဆင်ချက် တိုင်းဥပဒေချုပ်ရုံး ပယ်ချ
ကိုအောင်ကြီး တရားရှင်လွတ်၊ တရားရုံးတင် ဟာ့ဒ်ဒစ် မူရင်း ဖြစ်ကြောင်း အတည်မပြုနိုင်လို့ဆို
ရဲဇာနည် တာဝန်ရှိသူကို တရားစွဲဖို့ ဗစ်တိုးရီးယားမိသားစု ကိုယ်စားလှယ်လွှဲ
ဗစ်တိုးရီးယား အမှုဟာ မေလလယ်မှာ စတင် တိုင်ကြားခဲ့ပြီး ရုံးချိန်း ၁၃ ချိန်းအပြီး ဒီဇင်ဘာလလယ်ပိုင်းမှာ သံသယ တရားခံကို ခရိုင်တရားရုံးက တရားရှင်လွှတ်ပေးခဲ့ပါတယ်။ အဲဒီအတွက် ပြင်ဆင်ပေးဖို့ မန္တလေးတိုင်း ဥပဒေချုပ်ရုံးကို ရဲတပ်ဖွဲ့နဲ့ ဒက္ခိဏခရိုင် ဥပဒေရုံးတို့က တင်ခဲ့ပေမဲ့ တိုင်းအဆင့်က အဲဒါကို ပယ်ချခဲ့ပါတယ်။

အဲဒါကြောင့် "တရားစီရင်ရေးလမ်းကြောင်းက လုံးဝအပြီးအပြတ် ပြတ်သွားပြီပေါ့။...ဘယ်လိုပုံစံမျိုးနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ဆောင်ရွက်ကြမှာလဲဆိုတာတော့ စိတ်ဝင်စားပါတယ်"လို့ တရားလို ရှေ့နေက ပြောကြားထားပါတယ်။


[Zawgyi]

မူႀကိဳေက်ာင္းသူ လိင္မတရားက်င့္ခံရတယ္ဆိုတဲ့ ဗစ္တိုးရီးယား အမႈမွာ လစ္ဟာမႈေတြ ျဖစ္ေပၚေစခဲ့တဲ့ တာဝန္ရိွသူေတြကို သက္ဆိုင္ရာဌာနေတြက အေရးယူဖို႔ သမၼတက ၫႊန္ၾကားလိုက္ပါတယ္။
ဗစ္တိုးရီးယားအမႈမွာ လုပ္ထံုးလုပ္နည္းနဲ႔ အညီ မေဆာင္ရြက္ႏိုင္တဲ့၊ တာဝန္ေက်ပြန္စြာ မေဆာင္ရြက္ႏိုင္တဲ့၊ လစ္ဟာမႈေတြ ျဖစ္ေပၚခဲ့တဲ့၊ ဥပေဒ ျပ႒ာန္းခ်က္ေတြနဲ႔ ညီၫြတ္မႈ မရိွတဲ့ တာဝန္ရိွသူေတြကို သက္ဆိုင္ရာ အဖြဲ႔အစည္းက လိုအပ္သလို အေရးယူ ေဆာင္ရြက္ဖို႔ ေဖေဖာ္ဝါရီ ၂၀ ရက္မွာ ၫြန္ၾကားထားတယ္လို႔ ဒီကေန့ သမၼတရံုး သတင္းစာရွင္းလင္းပြဲမွာ သမၼတရံုး ေျပာခြင့္ရသူ ဦးေဇာ္ေဌးက ေျပာပါတယ္။
ေနျပည္ေတာ္က အသက္သံုးႏွစ္မျပၫ့္ေသးတဲ့ မူႀကိဳေက်ာင္းသူ ဗစ္တိုးရီးယား(အမည္လႊဲ)အမႈမွာ သံသယ တရားခံကို တရားရံုးက တရားရွင္ လႊတ္လိုက္ၿပီးေနာက္မွာ ကေလးရဲ့ ဖခင္ျဖစ္သူက သမၼတဆီကို ကူညီေဆာင္ရြက္ေပးဖို႔ စာတင္ထားခဲ့တယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။
အဲဒီအတြက္ သမၼတက သက္ဆိုင္ရာ ဌာန သံုးခုကို ၫႊန္ၾကားခ်က္ ေလးခ်က္ ေပးထားခဲ့ၿပီး အဲဒီ အဖြဲ႔အစည္းေတြရဲ့ ျပန္လည္ တင္ျပခ်က္အရ သမၼတက အခုလို ၫႊန္ၾကားလိုက္တာ ျဖစ္ပါတယ္။
ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္၊ ျပည္ထဲေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စု ေရ႔ွေနခ်ဳပ္ရံုး တို႔ဆီကို သမၼတက ၫႊန္ၾကားခ်က္ ေလးခ်က္ ေပးထားတာ ျဖစ္ပါတယ္။
၁) အမႈမွန္ ေပၚေပါက္ဖို႔
၂) တာဝန္ခံမႈ၊ တာဝန္ယူမႈ ရိွဖို႔
၃) ဥပေဒနဲ႔အညီ ျဖစ္ဖို႔

၄) တရားဥပေဒ စိုးမိုးေရးအတြက္ ေဆာင္ရြက္ထားတာေတြကို ပကတိ ေတြ့ရိွခ်က္ အမွန္တရားအတိုင္း ျပန္လည္ တင္ျပဖို႔တို႔ကို ၫႊန္ၾကားထားတယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။


အဲဒါနဲ႔ ပတ္သက္ၿပီး တရားလႊတ္ေတာ္ခ်ဳပ္က တရားေရးဆိုင္ရာ၊ ျပည္ထဲေရးက အမႈ စစ္ေဆးေရးဆိုင္ရာ၊ ေရ႔ွေနခ်ဳပ္ရံုးက ဥပေဒပိုင္းဆိုင္ရာေတြကို သမၼတဆီ ျပန္တင္ျပခဲ့ၾကတာ ျဖစ္ပါတယ္။

ဗစ္တိုးရီးယားအမႈ ျပင္ဆင္ခ်က္ တိုင္းဥပေဒခ်ဳပ္ရံုး ပယ္ခ်
ကိုေအာင္ႀကီး တရားရွင္လြတ္၊ တရားရံုးတင္ ဟာ့ဒ္ဒစ္ မူရင္း ျဖစ္ေၾကာင္း အတည္မျပဳႏိုင္လို႔ဆို
ရဲဇာနည္ တာဝန္ရိွသူကို တရားစြဲဖို႔ ဗစ္တိုးရီးယားမိသားစု ကိုယ္စားလွယ္လႊဲ
ဗစ္တိုးရီးယား အမႈဟာ ေမလလယ္မွာ စတင္ တိုင္ၾကားခဲ့ၿပီး ရံုးခ်ိန္း ၁၃ ခ်ိန္းအၿပီး ဒီဇင္ဘာလလယ္ပိုင္းမွာ သံသယ တရားခံကို ခရိုင္တရားရံုးက တရားရွင္လႊတ္ေပးခဲ့ပါတယ္။ အဲဒီအတြက္ ျပင္ဆင္ေပးဖို႔ မႏၲေလးတိုင္း ဥပေဒခ်ဳပ္ရံုးကို ရဲတပ္ဖြဲ႔နဲ႔ ဒကၡိဏခရိုင္ ဥပေဒရံုးတို႔က တင္ခဲ့ေပမဲ့ တိုင္းအဆင့္က အဲဒါကို ပယ္ခ်ခဲ့ပါတယ္။

အဲဒါေၾကာင့္ "တရားစီရင္ေရးလမ္းေၾကာင္းက လံုးဝအၿပီးအျပတ္ ျပတ္သြားၿပီေပါ့။...ဘယ္လိုပံုစံမ်ိဳးနဲ႔ တာဝန္ယူမႈ တာဝန္ခံမႈေတြ ေဆာင္ရြက္ၾကမွာလဲဆိုတာေတာ့ စိတ္ဝင္စားပါတယ္"လို႔ တရားလို ေရ႔ွေနက ေျပာၾကားထားပါတယ္။

Ref:BBC NEWS





No comments:

Post a Comment