Search This Blog

Monday, 2 March 2020

" ျမန္မာႏိုင္ငံအတြင္း ဝင္ေရာက္လာႏိုင္သၫ့္ ေကာ္ရိုနာဗိုင္းရပ္စ္ သံသယရိွလူနာမ်ားအား က်န္းမာေရးဆိုင္ရာ အခမဲ့ ကုသေပးမည္ ဟု ထုတ္ျပန္"


[Zawgyi+Unicode]

•တရုတ္ျပည္သူ႔သမၼတႏိုင္ငံ ႏွင့္ COVID-19 ေရာဂါကူးစက္ျဖစ္ပြားလ်က္ရိွေသာ ႏိုင္ငံ (သို႔မဟုတ္) ေဒသမ်ားမွ ျမန္မာႏိုင္ငံသို႔ေရာက္ရိွလာသၫ့္ ခရီးသြားမ်ားတြင္ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အသက္ ရႉၾကပ္ျခင္း စသၫ့္ ေရာဂါလကၡဏာမ်ား ေတြ့ရိွသူမ်ား ကို ေလဆိပ္က်န္းမာေရး ဌာန ႏွင့္ နီးစပ္ရာ က်န္းမာေရးဌာနမ်ားတြင္ အခမဲ့က်န္းမာေရး ျဖင့္ ကုသေပးသြားမည္ျဖစ္ေၾကာင္း  က်န္းမာေရး ႏွင့္ အားကစားဝန္ ႀကီး ဌာန၊ ေလဆိပ္က်န္းမာေရးဌာနခြဲ မွ ထုတ္ျပန္လိုက္သည္။

• ေကာ္ရိုနာဗိုင္းရပ္စ္ သံသယရိွ ခရီးသည္မ်ားတြင္ လက္ရိွ ျဖစ္ပြားေနျခင္း (သို႔မဟုတ္) လြန္ခဲ့သၫ့္ ၁၄ ရက္အတြင္း ေရာဂါျဖစ္ပြားခဲ့ျခင္း (သို႔မဟုတ္) ျမန္မာႏိုင္ငံသို႔ ေရာက္ရိွၿပီး ၁၄ ရက္ အတြင္း ေရာဂါလကၡဏာမ်ား ျဖစ္ပြား ပါက အားကစား ႏွင့္ က်န္းမာေရး ဝန္ႀကီးဌာန မွ ထုတ္ျပန္ထားသၫ့္ ဆက္သြယ္ရန္ နံပါတ္မ်ားထံ ဆက္သြယ္ရန္ တိုက္တြန္းႏိႈးေဆာ္ထားသည္
က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန အေနျဖင့္ ျမန္မာႏိုင္ငံအတြင္း ေရာဂါကူးစက္ပ်ံ့ႏွံ႔မႈ မျဖစ္ပြားေစရန္ လူစုလူေဝးမ်ားျပားရာေနရာမ်ား ႏွင့္ ပြဲလမ္းသတင္းမ်ားရိွရာေနရာမ်ားသို႔ ေရွာင္ရွားရန္ ထုတ္ျပန္ထားၿပီး ႀကိဳ တင္ကာကြယ္ျခင္း ႏွင့္ တံု႔ျပန္ေဆာင္ရြက္ျခင္းမ်ား ကို ထိေရာက္စြာေဆာင္ရြက္ႏိုင္ရန္ ေကာ္ရိုနာဗိုင္းရပ္စ္ ေရာဂါ  (COVID-19) အား ကူးစက္ျမန္ေရာဂါ သို႔မဟုတ္ တိုင္ၾကားရမၫ့္ ကူးစက္ေရာဂါ အျဖစ္ သတ္မွတ္ လိုက္ ေၾကာင္း ေဖေဖာ္ဝါရီလ ၂၈ ရက္ေန့ ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာခဲ့သည္။

•လက္ရိွတြင္ ေကာ္ရိုနာဗိုင္းရပ္စ္ (COVID-19) သည္ တရုတ္ျပည္သူ႔သမၼတႏိုင္ငံအပါအဝင္ ႏိုင္ငံေပါင္း ၆၇ ႏိုင္ငံတြင္ ျဖစ္ပြားလ်က္ရိွၿပီး ကူးစက္ခံရသူ ၈၉၀၀၀ ေက်ာ္ ရိွကာ ေသဆံုးသူ ဦးေရ ၃၀၀၀ ေက်ာ္ ရိွေနၿပီး ေပ်ာက္ ကင္းသူ ၄၅၀၀၀ ေက်ာ္ ရိွေနသည္ ဟု ယေန့ စာရင္းမ်ား အရ သိရသည္။

Ref: Mizzima News




•တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် COVID-19 ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသော နိုင်ငံ (သို့မဟုတ်) ဒေသများမှ မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် ခရီးသွားများတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက် ရှူကြပ်ခြင်း စသည့် ရောဂါလက္ခဏာများ တွေ့ရှိသူများ ကို လေဆိပ်ကျန်းမာရေး ဌာန နှင့် နီးစပ်ရာ ကျန်းမာရေးဌာနများတွင် အခမဲ့ကျန်းမာရေး ဖြင့် ကုသပေးသွားမည်ဖြစ်ကြောင်း  ကျန်းမာရေး နှင့် အားကစားဝန် ကြီး ဌာန၊ လေဆိပ်ကျန်းမာရေးဌာနခွဲ မှ ထုတ်ပြန်လိုက်သည်။



• ကော်ရိုနာဗိုင်းရပ်စ် သံသယရှိ ခရီးသည်များတွင် လက်ရှိ ဖြစ်ပွားနေခြင်း (သို့မဟုတ်) လွန်ခဲ့သည့် ၁၄ ရက်အတွင်း ရောဂါဖြစ်ပွားခဲ့ခြင်း (သို့မဟုတ်) မြန်မာနိုင်ငံသို့ ရောက်ရှိပြီး ၁၄ ရက် အတွင်း ရောဂါလက္ခဏာများ ဖြစ်ပွား ပါက အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် ဆက်သွယ်ရန် နံပါတ်များထံ ဆက်သွယ်ရန် တိုက်တွန်းနှိုးဆော်ထားသည်

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံအတွင်း ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် လူစုလူဝေးများပြားရာနေရာများ နှင့် ပွဲလမ်းသတင်းများရှိရာနေရာများသို့ ရှောင်ရှားရန် ထုတ်ပြန်ထားပြီး ကြို တင်ကာကွယ်ခြင်း နှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများ ကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ကော်ရိုနာဗိုင်းရပ်စ် ရောဂါ  (COVID-19) အား ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါ အဖြစ် သတ်မှတ် လိုက် ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။



•လက်ရှိတွင် ကော်ရိုနာဗိုင်းရပ်စ် (COVID-19) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆၇ နိုင်ငံတွင် ဖြစ်ပွားလျက်ရှိပြီး ကူးစက်ခံရသူ ၈၉၀၀၀ ကျော် ရှိကာ သေဆုံးသူ ဦးရေ ၃၀၀၀ ကျော် ရှိနေပြီး ပျောက် ကင်းသူ ၄၅၀၀၀ ကျော် ရှိနေသည် ဟု ယနေ့ စာရင်းများ အရ သိရသည်။



Ref: Mizzima News











No comments:

Post a Comment