သရုပ်ဆောင်ချစ်သုဝေနဲ့သူမရဲ့လက်တွဲဖော်အဆိုတော်လင်းလင်းတို့ဟာဆိုရင် တကယ့်ကိုမွန်မြတ်ကြတဲ့သူတွေလို့ပြောလို့ရပါတယ်။
သူတို့ဟာ အခုဆိုရင် ခေတ်သစ်ဖောင်ဒေးရှင်းကိုတည်ထောင်ထားကြတာဖြစ်ပြီး ထိုဖောင်ဒေးဟာအခုဆိုရင် covid 19ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်နိုင်ဖို့အတွက် အလှူရှင်တွေနဲ့အတူပူးပေါင်းကာ ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
ခေတ်သစ်ဖောင်ဒေးရှင်းရဲ့တည်ထောင်သူFounderတစ်ဦးဖြစ်တဲ့ချစ်သုဝေဟာဆိုရင် သူမတို့ဖောင်ဒေးရှင်းကနေပြီးတော့ အခြေခံလူတန်းစားတွေအတွက် လိုအပ်နေတဲ့ အဝတ်အစားတွေနဲ့maskတွေလှူဒါန်းခဲ့တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။
"“မုဒုံမြို့ရဲ့မေတ္တာစံအိမ်မိသားစုက ကျန်းမာရေးဝန်ကြီးဌာနနဲ့ အမေရိကန် CDC က ထုတ်ပြန်တဲ့ ညွှန်ကြားချက်အတိုင်း ပြန်လျှော်ဖွတ်ပြီး သုံးလို့ရတဲ့ mask တွေကို စထုတ်လုပ်နေပါတယ်။ ရပ်ရွာထဲက သူတွေရယ်၊ မုဒုံအိမ်တွင်းမှု သိပ္ပံကျောင်းက သူတွေရယ် ပေါင်းပြီး
အင်တိုက်အားတိုက် ဝိုင်းလုပ်နေကြတာပါ။ မုဒုံမြို့နဲ့ ရွာအားလုံးမှာ နိုင်ငံတော် အစီအစဉ်နဲ့ ထောက်ပံ့မယ့် အခြေခံ အိမ်ထောင်စု ၈၇၄၇ ရှိတယ်လို့ သိရပါတယ်။အိမ်ထောင်စု တစ်ခုကို ၃ ဦးနှုန်းနဲ့ တွက်ရင် ၂၆၂၄၁ ဦးဖြစ်ပါတယ်။” “ပုံမှန်ဝင်ငွေ မရှိသူ အခြေခံ လူဦးရေ ၂၆၂၄၁ ဦးအားလုံးအတွက် reusable mask
၂၆၂၄၁ ခုကို အခမဲ့ ကူညီထောက်ပံ့ဖို့ ခေတ်သစ်ဖောင်ဒေးရှင်းက (၂၆၂၄၁ ခု x ၂၅၀ ကျပ်) = ၆,၅၆၀,၂၅၀ (၆၅ သိန်းကျော်) ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။” “ဒီလှူဒါန်းမှုလေးဟာ အိမ်တွင်းအသေးစား လုပ်ငန်းလေးတွေကို အားပေးဖန်တီးပေးရာလည်းဖြစ်သလို ဒီရောဂါကပ်ဆိုးကာ
ကွယ်မှုမှာတကယ်လိုအပ်တဲ့ cloth mask(အဝတ် ပါးစပ်နှင့်နှာခေါင်းစည်း) များကို လိုအပ်တဲ့မိသားစုတွေအမြဲအသုံးပြုနိုင်ဖို့ လှူဒါန်းပြီးးသားလည်းဖြစ်ပါတယ်။ အလှူရှင်များအားလုံးသာဓုခေါ်ဆိုနိုင်ပါစေရှင်။” ဆိုပြီး ပြောပြထားပါတယ်။ ပရိသတ်ကြီးလည်း ချစ်သုဝေနဲ့ အလှူရှင်တွေအားလုံးရဲ့ ကုသိုလ်လေးကို သာဓုခေါ်ပေးကြပါဦးနော်။
အခုလိုပဲ ပြောပြထားပါတယ်။"
သူတို့ရဲ့တတ်နိုင်တဲ့နေရာကနေအင်တိုက်အားတိုက်လှူဒါန်းမှုလေးကအားရစရာမို့အားလုံးလဲကေိနပ်ကြမယ်ထင်ပါတယ်နော်။
Sate Kuu Thit Entertainmentကိုလဲlike&followလုပ်ပေးကြပါ။
No comments:
Post a Comment