ေတာင္ကိုရီးယားနိုင္ငံကေတာ့လူတိုင္းအတြက္ တမူထူးျခားတဲ့ဥပေဒတစ္ခုကို လက္ရွိအခ်ိန္ထိ ျပဳလုပ္ထားဆဲပဲျဖစ္ပါတယ္
ဒါကေတာ့ေတာင္ကိုရီးယားမွာရွိတဲ့ျပည္သူေတြဟာဆိုရင္ ေန႔စဥ္စားေသာက္ေနၾကတဲ့အစားအစာမ်ားကို ပိုလ်ွံလာတဲ့အခါမွာစြန္႔ပစ္ျခင္းအတြက္အခြန္ခေပးေဆာင္ရတာပဲျဖစ္ပါတယ္
ဒီအစီစဥ္ဟာဘယ္ကအစျပဳပါသလဲဆိုရင္ေတာ့ ကိုရီးယားေတြဟာအစားအေသာက္စားရာမွာ အမ်ိဳးေပါင္းမေရတြက္ေအာင္စားေလ့ရွိတဲ့အက်င့္ကအစျပဳခဲ့တာပဲျဖစ္ပါတယ္
ကိုရီးယားေတြရဲ႕အစားအေသာက္ေတြမွာဆိုရင္အရန္ဟင္းအမ်ိဳးေပါင္းမ်ားစြာပါေလ့ရွိတာကို ကိုရီးယားရုပ္ရွင္ဒရာမာၾကည့္ဖူးသူ လူတိုင္းျမင္ဖူးၾကမယ္ထင္ပါတယ္
ဟုတ္ပါတယ္သူတို႔ဟာအမွန္တကယ္ပဲဟင္းအမ်ိဳးေပါင္းမ်ားစြာ ျပင္ဆင္စားေသာက္ေလ့ရွိတာေၾကာင့္ ပိုလ်ွံမႈဟာလည္းမ်ားျပားခဲ့တာပင္ျဖစ္ပါတယ္။
အဲ့တာေၾကာင့္အစိုးရဟာ ဟင္းပိုလ်ွံတာေတြသြန္ေစဖို႔စက္ေတြကိုထားရွိထားတာျဖစ္ၿပီး ပိုလ်ွံတဲ့အေလးခ်ိန္နဲ႔ပိုက္ဆံကိုတြက္ၿပီးစက္မွာေပးေခ်ရတာပဲျဖစ္ပါတယ္။
ဒီလိုဆိုေတာ့ အစားအေသာက္ေတြကိုဒီအတိုင္းစြန္႔ပစ္ရင္ေကာ?? လို႔လူတိုင္းေတြးမိၾကမွာပါ
မရပါဘူးဘာလို႔လဲဆိုေတာ့ အစိုးရဟာCCTV CAMERAေတြတပ္ထားၿပီး အခြန္မေပးပဲစြန္႔ပစ္တာကိုဖမ္းမိခဲ့ရင္ ျမန္မာေငြ၄သိန္းခန္႔ဒဏ္ေငြရိုက္ျခင္းခံရမွာျဖစ္ပါတယ္
ဒါကေတာ့ေတာင္ကိုရီးယားနိုင္ငံရဲ႕အစားအေသာက္ပိုလ်ွံတာကိုတားဆီးဖို႔အတြက္ အခြန္ေဆာင္ရတဲ့အေၾကာင္းပဲျဖစ္ပါတယ္
ပရိသတ္တို႔ေရာဘယ္လိုထင္ၾကပါသလဲ ဒီလိုနည္းလမ္းကျမန္မာျပည္မွာေရာရွိသင့္ပါလား??
ဒါကတော့တောင်ကိုရီးယားမှာရှိတဲ့ပြည်သူတွေဟာဆိုရင် နေ့စဉ်စားသောက်နေကြတဲ့အစားအစာများကို ပိုလျှံလာတဲ့အခါမှာစွန့်ပစ်ခြင်းအတွက်အခွန်ခပေးဆောင်ရတာပဲဖြစ်ပါတယ်
ဒီအစီစဉ်ဟာဘယ်ကအစပြုပါသလဲဆိုရင်တော့ ကိုရီးယားတွေဟာအစားအသောက်စားရာမှာ အမျိုးပေါင်းမရေတွက်အောင်စားလေ့ရှိတဲ့အကျင့်ကအစပြုခဲ့တာပဲဖြစ်ပါတယ်
ကိုရီးယားတွေရဲ့အစားအသောက်တွေမှာဆိုရင်အရန်ဟင်းအမျိုးပေါင်းများစွာပါလေ့ရှိတာကို ကိုရီးယားရုပ်ရှင်ဒရာမာကြည့်ဖူးသူ လူတိုင်းမြင်ဖူးကြမယ်ထင်ပါတယ်
ဟုတ်ပါတယ်သူတို့ဟာအမှန်တကယ်ပဲဟင်းအမျိုးပေါင်းများစွာ ပြင်ဆင်စားသောက်လေ့ရှိတာကြောင့် ပိုလျှံမှုဟာလည်းများပြားခဲ့တာပင်ဖြစ်ပါတယ်။
အဲ့တာကြောင့်အစိုးရဟာ ဟင်းပိုလျှံတာတွေသွန်စေဖို့စက်တွေကိုထားရှိထားတာဖြစ်ပြီး ပိုလျှံတဲ့အလေးချိန်နဲ့ပိုက်ဆံကိုတွက်ပြီးစက်မှာပေးချေရတာပဲဖြစ်ပါတယ်။
ဒီလိုဆိုတော့ အစားအသောက်တွေကိုဒီအတိုင်းစွန့်ပစ်ရင်ကော?? လို့လူတိုင်းတွေးမိကြမှာပါ
မရပါဘူးဘာလို့လဲဆိုတော့ အစိုးရဟာCCTV CAMERAတွေတပ်ထားပြီး အခွန်မပေးပဲစွန့်ပစ်တာကိုဖမ်းမိခဲ့ရင် မြန်မာငွေ၎သိန်းခန့်ဒဏ်ငွေရိုက်ခြင်းခံရမှာဖြစ်ပါတယ်
ဒါကတော့တောင်ကိုရီးယားနိုင်ငံရဲ့အစားအသောက်ပိုလျှံတာကိုတားဆီးဖို့အတွက် အခွန်ဆောင်ရတဲ့အကြောင်းပဲဖြစ်ပါတယ်
ပရိသတ်တို့ရောဘယ်လိုထင်ကြပါသလဲ ဒီလိုနည်းလမ်းကမြန်မာပြည်မှာရောရှိသင့်ပါလား??
စိတ်ကူးသစ်မီဒီယာ ( JENNUARY )



No comments:
Post a Comment