မႏၲေလးတြင္ ည ၉ နာရီမွ နံနက္ ၄ နာရီထိ အျပင္မထြက္ရ အမိန္႔ထုတ္
Zawgyi
ကိုဗစ္ႏိုင္းတင္း ကူးစက္ပ်ံ့ပြားမႈကို ထိန္းခ်ဳပ္ကာကြယ္ရန္ မႏၲေလးတိုင္း အတြင္း ည ၉ နာရီမွ နံနက္ ၄ နာရီအထိ ‘လံုေလာက္ေသာ အေၾကာင္းျပခ်က္ မရိွဘဲ’ အိမ္အျပင္မထြက္ၾကရန္ မႏၲေလးတိုင္း အစိုးရအဖြဲ႔က ထုတ္ျပန္လိုက္သည္။
Zawgyi
ကိုဗစ္ႏိုင္းတင္း ကူးစက္ပ်ံ့ပြားမႈကို ထိန္းခ်ဳပ္ကာကြယ္ရန္ မႏၲေလးတိုင္း အတြင္း ည ၉ နာရီမွ နံနက္ ၄ နာရီအထိ ‘လံုေလာက္ေသာ အေၾကာင္းျပခ်က္ မရိွဘဲ’ အိမ္အျပင္မထြက္ၾကရန္ မႏၲေလးတိုင္း အစိုးရအဖြဲ႔က ထုတ္ျပန္လိုက္သည္။
ယမန္ေန့ညက ထုတ္ျပန္သၫ့္ အဆိုပါအမိန႔္သည္ ယေန့ (ဧၿပီ ၁၇) မွ စတင္အသက္ဝင္ၿပီျဖစ္ၿပီး မည္သၫ့္ကာလအထိ ၾကာျမင့္မည္ကို မသိရေပ။
ေန့အခ်ိန္မ်ားတြင္ အျပင္ထြက္ၾကရာတြင္ တစ္အိမ္ေထာင္လ်င္ တစ္ဦးသာထြက္ရန္၊ ကုန္စည္စီးဆင္းမႈ အတြက္ ေျပးဆြဲေနသၫ့္ ယာဉ္လိုင္းမ်ားသည္ စည္ပင္သာယာေရးႏွင့္ အေထြေထြအုပ္ခ်ဳပ္ေရး၏ ခြင့္ျပဳခ်က္ျဖင့္သာ သြားလာရန္ႏွင့္ ေဈးမ်ားမွ ေဈးသည္၊ ေဈးဝယ္မ်ား ႏွာေခါင္းစည္းမ်ားဝတ္ဆင္ၾကရန္ တို႔လည္း ပါဝင္သည္။
ထပ္မံ၍ အမိန႔္တစ္စံုတစ္ရာ မထုတ္ျပန္မခ်င္း ယခုအမိန႔္မွာ သက္ေရာက္ေနမည္ျဖစ္ေၾကာင္းႏွင့္ ၫႊန္ၾကားခ်က္ကို မလိုက္နာပါက အေရးယူခံရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရိွသည္။
ယခင္က ေဈးႀကီးမ်ားပိတ္ထားျခင္း၊ အိမ္တြင္ေန၍ အသြားအလာကန႔္သတ္ျခင္းမ်ားသာ ရိွခဲ့ေသာ္လည္း ယခုတႀကိမ္တြင္မွ စတင္၍ အခ်ိန္အကန႔္အသတ္ျဖင့္ စည္းကမ္းတင္းၾကပ္လိုက္ျခင္းျဖစ္သည္။
ယခုထုတ္ျပန္ခ်က္ႏွင့္ပတ္သက္၍ တိုင္းေဒသႀကီး အစိုးရအဖြဲ႔ တာဝန္ရိွသူမ်ားကို Myanmar Now က ဆက္သြယ္ေနဆဲျဖစ္သည္။
လက္ရိွတြင္ ျမန္မာႏိုင္ငံ၌ ကိုရိုနာဗိုင္းရပ္ပိုးေတြ့ရိွသူ လူနာ ၈၅ အထိ ရိွေနၿပီး၊ မႏၲေလးၿမိဳ႔တြင္ ႏွစ္ဦးေတြ့ရိွထားသည္။
Unicode
ကိုဗစ်နိုင်းတင်း ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်ကာကွယ်ရန် မန္တလေးတိုင်း အတွင်း ည ၉ နာရီမှ နံနက် ၄ နာရီအထိ ‘လုံလောက်သော အကြောင်းပြချက် မရှိဘဲ’ အိမ်အပြင်မထွက်ကြရန် မန္တလေးတိုင်း အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။
ကိုဗစ်နိုင်းတင်း ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်ကာကွယ်ရန် မန္တလေးတိုင်း အတွင်း ည ၉ နာရီမှ နံနက် ၄ နာရီအထိ ‘လုံလောက်သော အကြောင်းပြချက် မရှိဘဲ’ အိမ်အပြင်မထွက်ကြရန် မန္တလေးတိုင်း အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယမန်နေ့ညက ထုတ်ပြန်သည့် အဆိုပါအမိန့်သည် ယနေ့ (ဧပြီ ၁၇) မှ စတင်အသက်ဝင်ပြီဖြစ်ပြီး မည်သည့်ကာလအထိ ကြာမြင့်မည်ကို မသိရပေ။
နေ့အချိန်များတွင် အပြင်ထွက်ကြရာတွင် တစ်အိမ်ထောင်လျင် တစ်ဦးသာထွက်ရန်၊ ကုန်စည်စီးဆင်းမှု အတွက် ပြေးဆွဲနေသည့် ယာဉ်လိုင်းများသည် စည်ပင်သာယာရေးနှင့် အထွေထွေအုပ်ချုပ်ရေး၏ ခွင့်ပြုချက်ဖြင့်သာ သွားလာရန်နှင့် ဈေးများမှ ဈေးသည်၊ ဈေးဝယ်များ နှာခေါင်းစည်းများဝတ်ဆင်ကြရန် တို့လည်း ပါဝင်သည်။
ထပ်မံ၍ အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ယခုအမိန့်မှာ သက်ရောက်နေမည်ဖြစ်ကြောင်းနှင့် ညွှန်ကြားချက်ကို မလိုက်နာပါက အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခင်က ဈေးကြီးများပိတ်ထားခြင်း၊ အိမ်တွင်နေ၍ အသွားအလာကန့်သတ်ခြင်းများသာ ရှိခဲ့သော်လည်း ယခုတကြိမ်တွင်မှ စတင်၍ အချိန်အကန့်အသတ်ဖြင့် စည်းကမ်းတင်းကြပ်လိုက်ခြင်းဖြစ်သည်။
ယခုထုတ်ပြန်ချက်နှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်နေဆဲဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိသူ လူနာ ၈၅ အထိ ရှိနေပြီး၊ မန္တလေးမြို့တွင် နှစ်ဦးတွေ့ရှိထားသည်။
No comments:
Post a Comment