Search This Blog

Thursday, 16 April 2020

တရားေဟာဆရာ ေဒးဗစ္လားအပါအဝင္ ၄ ဦးအမႈ ရုပ္သိမ္းထားျခင္းမရိွ

ရန္ကုန္ ပန္းပဲတန္းၿမိဳ႔နယ္ ကုန္သည္လမ္းရိွ Full Gospel Assembly ဘုရားေက်ာင္း တြင္ မတ္ ၈ က တရားေဟာေနသၫ့္ ေစာေဒးဗစ္လားကို ေတြ့ရစဉ္။ (ဓာတ္ပံု - fgamyanmar.org)

Zawgyi

နာမည္ႀကီး တရားေဟာဆရာ ေစာေဒးဗစ္လား အပါအဝင္ ၄ ဦး၏ အမႈကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိုလ္၏ ၫႊန္ၾကားခ်က္ျဖင့္ ရုပ္သိမ္းလိုက္သည္ဟု သတင္းမွားမ်ား ပ်ံ့ႏွံ႔ေနသည္
သဘာဝေဘးအႏၲရာယ္ စီမံခန္႔ခြဲမႈ ဥပေဒျဖင့္ တရားစြဲခံထားရသၫ့္ တရားေဟာဆရာ ေစာေဒးဗစ္လား အပါအဝင္ ၄ ၪီးအမႈကို ရုပ္သိမ္းရန္ ၫႊန္ၾကားထားျခင္းမရိွေၾကာင္း ရန္ကုန္တိုင္းကိုဗစ္ႏိုင္တင္းထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတံု႔ျပန္ေရးေကာ္မတီမွ တာဝန္ရိွသူမ်ားက Myanmar Now ကို ေျပာသည္။
အဆိုပါ ၄ ဦးအမႈႏွင့္ပတ္သက္၍ မည္သၫ့္ၫႊန္ၾကားခ်က္မွ မရိွေသးသလို ရုပ္သိမ္းထားျခင္းလည္း မရိွေသးေၾကာင္း အဆိုပါ ေကာ္မတီအဖြဲ႔ဝင္ ရန္ကုန္တိုင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ေျပာသည္။
“ၫႊန္ၾကားခ်က္ေတြ လာရင္ ကြၽန္မတို႔ တရားဝင္ေၾကညာမွာပါ။ အခုခ်ိန္ထိ ဘာမွ မရိွေသးပါဘူး” ဟု ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ေျပာသည္။
ကိုဗစ္ႏိုင္တင္း (COVID-19) ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတံု႔ျပန္ေရး ၫႊန္ၾကားခ်က္မ်ားကို လိုက္နာရန္ပ်က္ကြက္သည္ဟုဆိုကာ ဦးေဆာင္ျပဳလုပ္သူ နာမည္ေက်ာ္ တရားေဟာဆရာ ေဒးဗစ္လားအပါအဝင္ ၄ ဦးကို ရန္ကုန္တိုင္းကိုဗစ္ႏိုင္တင္းထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတံု႔ျပန္ေရးေကာ္မတီက ဧၿပီ ၁၄ တြင္ အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။
“ေဒါသေတြကိုေဖ်ာက္ၾကပါ။ COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ ဥကၠ႒အေနနဲ႔ ကြၽန္မဒီကိစၥကို မွန္ကန္မ်ွတေအာင္ ေျဖရွင္းဖို႔ တာဝန္ယူပါမယ္" ဟု ေဒၚေအာင္ဆန္းစုၾကည္က ေရးသားခဲ့သည္။
ထို႔ေနာက္ တရားေဟာဆရာ ေဒးဗစ္လား အပါအဝင္ ေလးဉီး၏ အမႈကို ရုပ္သိမ္းလိုက္ၿပီဟူေသာ ေကာလာဟလသတင္းမ်ားမွာ ျပည္သူလူထုၾကား လူမႈကြန္ရက္တြင္ ပ်ံ့ႏွံ႔ခဲ့သည္။ အမႈရုပ္သိမ္းလိုက္ၿပီဟူသၫ့္ သတင္းမွားကို စတင္ျဖန႔္သူမွာ Ne Ya Byutt ဟူသၫ့္ Facebook Account ျမႇဖစ္ၿပီး Group မ်ားတြင္လည္း ၄၏ ေနာက္လိုက္မ်ားက ထပ္မံျဖန႔္ေဝျခင္းမ်ား လုပ္ခဲ့သည္။
အစိုးရ၏ ၫႊန္ၾကားခ်က္မ်ားကို မလိုက္နာဘဲ ‘လူစုလူေဝး' ျပဳလုပ္ခဲ့သၫ့္အတြက္ သင္းအုပ္ဆရာ ဦးေစာကြယ္ဝါးႏွင့္ အမႈေတာ္ေဆာင္ ဦးေစာေရာဂန္ဒီတို႔ကို အင္းစိန္ၿမိဳ႔မရဲစခန္း၌ အမႈဖြင့္ခဲ့ၿပီး တရားေဟာဆရာ ဦးေစာေဒးဗစ္(ခ) ေစာေဒးဗစ္လားႏွင့္ ဦးေဝထြန္း (နဝရတ္ ေတးသံသြင္း) တို႔ကို မရမ္းကုန္း ၿမိဳ႔မရဲစခန္းတြင္ အမႈဖြင့္ထားျခင္းျဖစ္သည္။
၄တို႔ကို အမႈဖြင့္ေၾကာင္း ေၾကညာၿပီး တရက္တည္းတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုၾကည္က အင္းစိန္မွ လူတစ္စုေရာဂါပိုးေတြ့ရိွမႈမွ ရန္ကုန္တိုင္းအစိုးရ၏ ထပ္ဆင့္ လုပ္ေဆာင္ခ်က္ေၾကာင့္ ျပည္သူမ်ားစိတ္ဝမ္းကြဲရျခင္းသည္ အလြန္ဝမ္းနည္းစရာေကာင္းေၾကာင္း သူ၏ Facebook စာမ်က္ႏွာတြင္ ေရးသားခဲ့သည္။

Unicode


တရားဟောဆရာ ဒေးဗစ်လားအပါအဝင် ၄ ဦးအမှု ရုပ်သိမ်းထားခြင်းမရှိ
နာမည်ကြီး တရားဟောဆရာ စောဒေးဗစ်လား အပါအဝင် ၄ ဦး၏ အမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်ဖြင့် ရုပ်သိမ်းလိုက်သည်ဟု သတင်းမှားများ ပျံ့နှံ့နေသည်

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့် တရားစွဲခံထားရသည့် တရားဟောဆရာ စောဒေးဗစ်လား အပါအဝင် ၄ ဉီးအမှုကို ရုပ်သိမ်းရန် ညွှန်ကြားထားခြင်းမရှိကြောင်း ရန်ကုန်တိုင်းကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက Myanmar Now ကို ပြောသည်။
အဆိုပါ ၄ ဦးအမှုနှင့်ပတ်သက်၍ မည်သည့်ညွှန်ကြားချက်မှ မရှိသေးသလို ရုပ်သိမ်းထားခြင်းလည်း မရှိသေးကြောင်း အဆိုပါ ကော်မတီအဖွဲ့ဝင် ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။
“ညွှန်ကြားချက်တွေ လာရင် ကျွန်မတို့ တရားဝင်ကြေညာမှာပါ။ အခုချိန်ထိ ဘာမှ မရှိသေးပါဘူး” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။
ကိုဗစ်နိုင်တင်း (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်သည်ဟုဆိုကာ ဦးဆောင်ပြုလုပ်သူ နာမည်ကျော် တရားဟောဆရာ ဒေးဗစ်လားအပါအဝင် ၄ ဦးကို ရန်ကုန်တိုင်းကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဧပြီ ၁၄ တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

“ဒေါသတွေကိုဖျောက်ကြပါ။ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌအနေနဲ့ ကျွန်မဒီကိစ္စကို မှန်ကန်မျှတအောင် ဖြေရှင်းဖို့ တာဝန်ယူပါမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့သည်။

ထို့နောက် တရားဟောဆရာ ဒေးဗစ်လား အပါအဝင် လေးဉီး၏ အမှုကို ရုပ်သိမ်းလိုက်ပြီဟူသော ကောလာဟလသတင်းများမှာ ပြည်သူလူထုကြား လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ အမှုရုပ်သိမ်းလိုက်ပြီဟူသည့် သတင်းမှားကို စတင်ဖြန့်သူမှာ Ne Ya Byutt ဟူသည့် Facebook Account မြှဖစ်ပြီး Group များတွင်လည်း ၄၏ နောက်လိုက်များက ထပ်မံဖြန့်ဝေခြင်းများ လုပ်ခဲ့သည်။

အစိုးရ၏ ညွှန်ကြားချက်များကို မလိုက်နာဘဲ ‘လူစုလူဝေး' ပြုလုပ်ခဲ့သည့်အတွက် သင်းအုပ်ဆရာ ဦးစောကွယ်ဝါးနှင့် အမှုတော်ဆောင် ဦးစောရောဂန်ဒီတို့ကို အင်းစိန်မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ပြီး တရားဟောဆရာ ဦးစောဒေးဗစ်(ခ) စောဒေးဗစ်လားနှင့် ဦးဝေထွန်း (နဝရတ် တေးသံသွင်း) တို့ကို မရမ်းကုန်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။
၄တို့ကို အမှုဖွင့်ကြောင်း ကြေညာပြီး တရက်တည်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အင်းစိန်မှ လူတစ်စုရောဂါပိုးတွေ့ရှိမှုမှ ရန်ကုန်တိုင်းအစိုးရ၏ ထပ်ဆင့် လုပ်ဆောင်ချက်ကြောင့် ပြည်သူများစိတ်ဝမ်းကွဲရခြင်းသည် အလွန်ဝမ်းနည်းစရာကောင်းကြောင်း သူ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

No comments:

Post a Comment