Zawgyiဖြင့်ဖတ်ရန်အောက်သို့သွားပါ
တရုတ်တွေရဲ့အကြွေးမဆပ်နိုင်တဲ့နိုင်ငံများ
______________________________
မင်္ဂလာပါ စိတ်ကူးသစ်မီဒီယာမှကြိုဆိုပါတယ်!!
ဒီနေ့မှာတော့တရုတ်တွေရဲ့အကြွေးနဲ့အသိမ်းခံရနိုင်တဲ့နိုင်ငံများဆိုတဲ့အကြောင်းပြောပြပေးမှာမို့ ပို့စ်ကိုအဆုံးထိဖတ်ပေးကြပါ
သင့်ကိုငွေသိန်းတစ်ရာအကြွေးပေးလိုက်တယ်ပဲဆိုပါစို့
သင်ဟာအဲ့ဒီ့ပိုက်ဆံကိုဘာတွေလုပ်မလဲ??
အဖြေကတော့ရှင်းပါတယ်သင်ဟာအဲ့ဒီ့ပိုက်ဆံကိုသင်လိုအပ်တယ်လို့ထင်တဲ့နေရာတွေမှာသုံးပစ်လိုက်မှာပါ
ဥပမာအနေနဲ့ပြောရရင်သင်ဟာကားတစ်စီးဝယ်လိုက်တယ်ပဲထားပါတော့
နောက်သုံးနှစ်ကြာတဲ့အခုမှာတော့သင့်အကြွေးဆပ်ရမယ်အချိန်ကိုရောက်လာပြီပဲဖြစ်ပါတယ်
ဒါပေမဲ့ဖြစ်ချင်တော့သင့်မှာအကြွေးပြန်ဆပ်စရာပိုက်ဆံတွေရှိမနေပါဘူး
နောက်ပြီးသင့်အကြွေးကလဲချေးတုန်းကသိန်းတစ်ရာပေမယ့် ပြန်ဆပ်ရမဲ့အချိန်ရောက်လာတော့အတိုးနဲ့ပေါင်းပြပီးသိန်းနှစ်ရာတောင်ပြန်ဆပ်ရမဲ့အခြေအနေရောက်သွားပြီပဲဖြစ်ပါတယ်
အဲ့တော့သင်ကသင့်အကြွေးရှင်ကိုပြောပါလိမ့်မယ်
"ငါ့မှာဆပ်စရာအကြွေးမရှိဘူး!!"အဲ့ဒီ့အခါမှာတော့အကြွေးရှင်ကသင်အကြွေးရတဲ့သိန်းတစ်ရာနဲ့ဝယ်ထားခဲ့တဲ့ကားတွေအပြင်အတိုးဆပ်ဖို့ပါကျန်သေးတာကြောင့်သင့်ရဲ့အိမ်ကိုပါသိမ်းယူသွားတော့မှာပဲဖြစ်ပါတယ်
အဲ့ဒီ့အခြေအနေရောက်ရှိလာတဲ့အခါမှာတော့ သင်ဟာအကြွေးဆပ်စရာမရှိလို့ရှိသမျှအရာအကုန်အသိမ်းခံရမဲ့အဖြစ်ရောက်သွားမှာပဲဖြစ်ပါတယ်
တကယ်တော့ဒီအဖြစ်အပျက်ကဒီကမ္ဘာကြီးပေါ်ကမဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေမှာဖြစ်ပျက်နေဆဲပဲဖြစ်ပါတယ်
တရုတ်နိုင်ငံဟာကမ္ဘာပေါ်ကနိုင်ငံတော်တော်များများဖြစ်တဲ့မြန်မာ၊လာအို၊သီရိလကာင်္အပြင်အခြားသောနိုင်ငံများကိုပါအကြွေးချေးပေးပြီးမိုးမျှော်အဆောက်အဦးတွေ၊လေဆိပ်တွေ၊သဘောင်္ဆိပ်တွေ၊အဝေးပြေးလမ်းတွေဆောက်စေခဲ့ပါတယ်
အဲ့တာကြောင့်လည်းနိုင်ငံတွေဟာတဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်တဲ့ပုံစံပေါက်လာခဲ့ပါတယ်
ဒါပေမယ့်လည်းအချိန်တန်လို့အကြွေးပေးရမယ့်အချိန်လည်းရောက်ရောနိုင်ငံတွေဟာတရုတ်တွေကိုပြန်ပြီးမပေးနိုင်ခဲ့ကြပါဘူး
အဲ့အခါမှာတော့တရုတ်တွေဟာအဲ့နိုင်ငံရဲ့ဆောက်လုပ်နေတဲ့ဆောက်လုပ်ရေးတွေလေဆိပ်တွေအဆောက်အဦးတွေရဲ့စီမံအုပ်ချုပ်ခွင့်တွေကိုပါသိမ်းယူလို့ရသွားခဲ့တာပဲဖြစ်ပါတယ်
ဒါတွေဟာရေရှည်ဆက်ွားရင်တရုတ်တွေဟာကမ္ဘာ့နိုင်ငံတော်တော့များများကိုပါသိမ်းယူနိုင်တဲ့အခြေအနေရောက်သွားမယ်ဆိုတာလုံးဝကိုပြောမရတော့တဲ့အခြေအနေတွေကိုတောင်ရောက်ရှိသွားနိုင်ပါတယ်
စိတ်ကူးသစ်မီဒီယာ ( Jennuary )
_____________________________
______________________________
_____________________________




No comments:
Post a Comment