Zawgyiဖြင့်ဖတ်ရန်အောက်သို့သွားပါ
◾ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အမေရိကန်အစိုးရက ဘယ်တော့မှရန်ပုံငွေမပေးဖို့အထိ စဉ်းစားလာ
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ ကိုင်တွယ်ကြီးကြပ်ပုံတွေကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက ကြာသပတေးနေ့မှာ ထပ်မံဝေဖန်တိုက်ခိုက်လိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အလုံးစုံပြုပြင်ပြောင်းလဲရမယ်လို့လည်းသူက ယုံကြည်ထားပါတယ်။
Fox News က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာ ဦးဆောင်သူတွေ အပြောင်းအလဲလုပ်ဖို့ လိုအပ်နေသလားလို့ မေးရာမှာ မိုက်ပွန်ပီယိုက”အဲဒီထက်မက ပိုလိုအပ်ပါတယ်။ဒါက ပြဿနာတစ်ရပ်ဖြစ်နေပါတယ်။ WHOကိုပေးနေတဲ့ ရန်ပုံငွေတွေကို ဘယ်တော့မှ ပြန်မပေးဖို့ အမေရိကန်အစိုးရက စဉ်းစားကောင်းစဉ်းစားလာနိုင်ပါတယ်”လို့ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ ၂၀၁၉ ခုနှစ်က WHOကို ဒေါ်လာသန်း ၄၀၀လှူဒါန်းခဲ့ပြီး ဒီပမာဏက WHOရဲ့ဘတ်ဂျက် ၁၅ ရာခိုင်နှုန်းရှိပါတယ်။ ဒါပေမယ့် အောက်လွှတ်တော်မှာ ဒီမိုကရက်တစ်အမတ်တွေကတော့ သမ္မတထရန့်ရဲ့အစိုးရအဖွဲ့ဟာ သူတို့ရဲ့စီမံခန့်ခွဲမှုအားနည်းတာကို ကာကွယ်ဖို့ WHOကို ဓားစားခံအဖြစ်သတ်မှတ်နေတယ်လို့ ဝေဖန်ထားကြပါတယ်။
သတင်း - မောင်ဇေယျ
ဓာတ်ပုံ - EPA
...............................................................
(Zawgyi Version)

သတင်း - မောင်ဇေယျ
ဓာတ်ပုံ - EPA
...............................................................
(Zawgyi Version)
သတင်း - မောင်ဇေယျ
ဓာတ်ပုံ - EPA

No comments:
Post a Comment