Search This Blog

Saturday, 25 April 2020

နေပူစာလှုံခြင်းက ကိုဗစ်နိုင်တင်းကို ကာကွယ်နိုင်သလား


Zawgyiျဖင့္ဖတ္ရန္ေအာက္သို႔သြားပါ

နေပူစာလှုံခြင်းက ကိုဗစ်နိုင်တင်းကို ကာကွယ်နိုင်သလား
____________________________________________
ဒေါ်အောင်ဆန်းစုကြည်၏ ယမန်နေ့က အွန်လိုင်းဆွေနွေးမှုတွင် ကိုဗစ်ကာကွယ်ရေးအတွက် နေပူစာလှုံရန် အားပေးလျှင်ကောင်းမည်လားဟု စဉ်းစားနေသည်ဟု ပြောဆိုခဲ့သည်
ကိုဗစ်နိုင်တင်း (COVID19) ကပ်ရောဂါကာလတွင် လူထုအနေဖြင့် သတင်းမှားများ၊ ကောလာဟလများကို နေ့စဉ်ရင်ဆိုင်နေရသည်မှာ ပြဿနာတခုဖြစ်နေသည်။ တမာရွက်စားလျှင် ကိုဗစ်ပျောက်နိုင်သလား၊ အရက်သောက်လျှင် ကိုဗစ်ကို ကာကွယ်နိုင်သလား၊ နောက်ဆုံးတစ်ခု နေပူစာလှုံခြင်းကရော ကိုဗစ်နိုင်တင်းကို ကာကွယ်နိုင်ပါသလား စသဖြင့် သတင်းစကားပေါင်းများစွာက Facebook အသုံးပြုသူများရော၊ သာမန်လက်လုပ်လက်စားများကြားတွင်ပါ ပျံ့နှံ့နေသည်။

လတ်တလောအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်သည့် ချင်းပြည်နယ်မှ ပြည်သူများနှင့် ယမန်နေ့ (ဧပြီ ၂၄)က အွန်လိုင်းအစည်းအဝေး အပြန်အလှန်ဆွေးနွေးရာတွင် ကိုဗစ်နိုင်တင်း ကာကွယ်ရေး နေပူစာလှုံရန် အားပေးလျှင် ကောင်းမည်လား ဟု စဉ်းစားနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ပြောနေတာတော့ကြာပါပြီ တစ်လလောက်ကထဲကပေါ့နော်။ အပူရှိန်မြင့်တဲ့နေရာတွေမှာဆိုရင် ကိုဗစ်က ပိုပြီးသက်သာတယ်ဆိုပြီးတော့ ပြောကြတယ် တချို့က အခု မနေ့ကဆိုလို့ရှိရင် သုတေသီပညာရှင် တစ်ယောက်ကတော့ ကိုဗစ်က အပူချိန်မြင့်တဲ့နေရာတွေမှာ စွတ်စိုထိုင်းမှိုင်းတဲ့နေရာတွေမှာ ကိုဗစ်ပိုးက ကြာကြာမခံဘူးလို့ ဆိုတယ်။ အဲ့ဒါကတော့ ဘယ်လောက်အထိသေချာလဲတော့ မသိသေးဘူးပေါ့နော်။ အဲ့ဒီတော့ အမေတို့ဆီမှာ အများကြီးရှိတာကတော့ နေပူတယ် နေပူစာလှုံဖို့တော့ နည်းနည်းအားပေးရင် ကောင်းမလားလို့စဉ်းစားတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
(ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၂၄ က အွန်လိုင်းဆွေးနွေးမှုပြုလုပ်နေစဉ်)

ထိုသို့လုပ်ခြင်းသည် အသားညိုသွားခြင်းသာဖြစ်နိုင်ပြီး တခြားပြဿနာ မရှိလောက်ဘူးဟု ယူဆကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနကိုမေးကာ သဘောတူမှ လုပ်ရမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ကပ်ရောဂါကို ကောင်းစွာထိန်းချုပ်နိုင်ပြီး ၎င်းတို့ဗီယက်နမ်တွင် နေပူစာလှုံခြင်းကို အားပေးသည်ဟု ကြားရကြောင်း သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် “သုတေသီပညာရှင်" ဆိုသည်မှာ မည်သူ့ကို ရည်ညွှန်းသည်ကို တိတိကျကျ မသိရပေ။ သို့သော် အဆိုပါ အပူချိန်မြင့်ခြင်း၊ စိုစွတ်ထိုင်းမှိုင်းခြင်းတို့နှင့် ကိုဗစ်နိုင်တင်းကာကွယ်ခြင်းကို ဆက်စပ်ပြသွားသည့် ဖြစ်ရပ်တစ်တခု ဧပြီ ၂၃ က အမေရိကန် သမ္မတအိမ်ဖြူတော်တွင် ဖြစ်ပွားခဲ့သည်။

အိမ်ဖြူတော်၏ ကိုရိုနာဗိုင်းရပ်ဆိုင်ရာ နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် အမိမြေလုံခြုံရေးဌာန သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်ထောက်အတွင်းရေးမှုး ဘီလ် ဘရိုင်ယန်က “စမ်းသပ်မှုအသစ်တွေအရ ဒီကိုရိုနာဗိုင်းရပ်ဟာ နေရောင်အောက် ဒါမှမဟုတ် အပူမှာဆိုရင် ကောင်းကောင်း မစွမ်းနိုင်ပါဘူး” ဟု ပြောဆိုခဲ့သည်။

ထို့ပြင် “စစ်ဆေးကြည့်ပြီးသမျှ အခြေအနေတွေအရ (ပိုးတွေ့ရှိထားတဲ့) တံတွေးစက်ကလေးတွေထဲက ဗိုင်းရပ်ဟာ အိမ်ထဲမှာဆိုရင်၊ နောက် ခြောက်သွေ့နေတဲ့ အခြေအနေမှာဆိုရင် ကောင်းကောင်းအသက်ရှင်နိုင်တာကို တွေ့ရတယ်။ ဒီဗိုင်းရပ်ဟာ နေရောင်တိုက်ရိုက်ကျတဲ့ နေရာမှာဆိုရင် မြန်မြန် သေနိုင်တယ်” ဟု ထည့်ပြောခဲ့သည်။

ဘရိုင်ယန်၏ ပြောဆိုချက်များအပြီးတွင် တစ်ဆက်တည်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗိုင်းရပ်ပိုးတွေ့ရှိထားသူများ အနေဖြင့် ပူပြင်းသည့်နေရက်များတွင် အပြင်ထွက်၍ နေရောင်ခံကာ ကုသကြရန် အကြံပေးခဲ့သည်။

အရေးပေါ်ဆိုင်ရာ အထွေထွေရောဂါကု သမားတော် ဒေါက်တာ မီဂန်ရန်နေ ကို စီအန်အန် (CNN) သတင်းဌာနက မေးမြန်းခဲ့ရာတွင် မြင့်မားသည့် အပူချိန်တွင် အပြင်ထွက်ပြီး နေပူခံခြင်းသည် ကိုဗစ်နိုင်တင်းကို ကာကွယ်မည်မဟုတ်ဘဲ နေပူလောင်ခြင်း၊ အရေပြားကင်ဆာဖြစ်နိုင်ခြင်းနှင့် အခြား အန္တရာယ်ရှိနိုင်သည့် အကျိုးဆက်များကိုပါ ခံစားရနိုင်သည်ဟု ထရမ့်၏ အကြံပေးချက်အပေါ် တုံ့ပြန် ပြောဆိုခဲ့သည်။

ထို့ပြင် London School of Hygiene and Tropical Medicine မှ ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ပါမောက္ခ ဒေးဗစ် ဟေးမန်း က “စမ်းသပ်စစ်ဆေးချက်တွေကို တရားဝင် ထုတ်ပြန်ကြေညာတာမျိုး မလုပ်သေးဘဲ ချင့်ချိန်ပြောဆိုဖို့ တော်တော်ခက်ပါမယ်။ တကယ်လို့ စမ်းသပ်ပြီးတော့ သက်သာသွားတယ်ဆိုတာ မှန်နေရင်တောင်မှ (အချိန်အတိုင်းအတာတခုအထိ) ထိန်းသိမ်းထားသင့်တယ်” ဟု ဝါရှင်တန်ပို့စ် သတင်းစာကို ဖြေကြားထားသည်။ ပါမောက္ခ ဒေးဗစ် ဟေးမန်း မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကူးစက်ရောဂါ ဘေးအန္တရာယ်ကာကွယ်ရေး အကြံပေးကော်မတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
သူက “ပူတယ်၊ စိုစွတ်တယ်ဆိုတဲ့ စင်္ကာပူလိုနိုင်ငံမှာတောင်မှ ဒီဗိုင်းရပ်က ဆက်ပြီး ပျံ့နေတာကို တွေ့နေရသေးတာပဲ” ဟု ဆိုသည်။

ဧပြီ တွင် ကမ္ဘာ့အပူဆုံးနိုင်ငံများမှာ ပေါ်တူဂီ၊ စပိန်၊ ဂရိ၊ တူရကီ၊ မော်ရိုကို၊ အီဂျစ် နှင့် မက္ကဆီကိုနိုင်ငံ တို့ဖြစ်သည်။ အပူချိန် အနိမ့်ဆုံး ၂၀ ဒီဂရီမှ အပူဆုံး ၃၇ ဒီဂရီထိ ရှိသည်။ ထို့ပြင် စပိန်နိုင်ငံသည် ကိုရိုနာပိုးအများဆုံးတွေ့ရှိရသူစာရင်းတွင် ကမ္ဘာ့ဒုတိယ အများဆုံးဖြစ်ပြီး တူရကီနိုင်ငံမှာ သတ္တမမြောက်နိုင်ငံဖြစ်သည်။ ပေါ်တူဂီနှင့် မက္ကဆီကို နိုင်ငံများသည်လည်း စာရင်း၏ ထိပ်ပိုင်းတွင် ရှိနေသည်။

ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သည့် မသေချာမရေရာသည့် အယူအဆများ ပျံ့နှံ့ခဲ့သည့်နောက် WHO က “ယုံတမ်းအကြောင်းအရာများ” ဆိုသည့် စာမျက်နှာအသစ်ကို ၎င်းတို့ ဝက်ဘ်ဆိုက်တွင် ဖွင့်လှစ်ခဲ့ပြီး အယူအဆအမှားများကို ဖြေရှင်းခဲ့သည်။ ယင်းအနက် နေပူစာလှုံခြင်းနှင့် မြင့်မားသည့် နေရာင်ခြည်နှင့် ထိတွေ့ခြင်းက ကိုဗစ်နိုင်တင်းကို မကာကွယ်နိုင်ကြောင်း အတိအလင်းဖော်ပြထားသည်။

Picture_2_whos_warning.Png
(ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည့် သတိပေးစာ)
(ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည့် သတိပေးစာ)

ထို့အပြင် “သက်သေအထောက်အထားများအရ ပူနွေးစိုစွတ်သောရာသီဥတုရှိသည့် နေရာများအပါဝင် နေရာအားလုံးတွင် ကိုဗစ်နိုင်တင်းသည် ပျံနှံ့နိုင်သည်” ဟု WHO က ဖြေရှင်းထားသည်။

ထို့အပြင် ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်များတွင်လည်း နေပူစာလှုံခြင်းကို အားပေးသည် ဆိုသည့် အထောက်အထားများမတွေ့ရပေ။ တခြားနိုင်ငံများကဲ့သို့ပင် လက်ဆေးရန်၊ တစ်ဦးနှင့် တဦး ၂ မီတာအကွာမှ ဆက်ဆံကြရန်၊ လူစုလူဝေးမလုပ်ကြရန်၊ မလိုအပ်ဘဲ အပြင်မထွက်ရန်၊ ခရီးမသွားရန်၊ ဗိုင်းရပ်သံသယရှိပါက သက်ဆိုင်ရာကို အကြောင်းကြားရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ရန်နှင့် ကျန်းမာသည့် လူနေမှုပုံစံဖြင့် နေထိုင်ကြရန်သာ ထုတ်ပြန်ထားသည်။

ဗီယက်နမ်သည် လူဦးရေထူထပ်ပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ် ရှည်လျားစွာ ထိစပ်နေသော်လည်း ဗိုင်းရပ်ကူးစပ်ခံရသူ ၂၇၀ နှင့် ပြန်လည်ကောင်းမွန်သူ ၂၂၅ ဦးရှိပြီး သေဆုံးသူလုံးဝမရှိပေ။ DW သတင်းဌာနက ဗီယက်နမ် နိုင်ငံ၏ ရောဂါအောင်နိုင်မှုအကြောင်းကို ကိုရိုနာဗိုင်းရပ်စစ်ပွဲကို ဗီယက်နမ်က ဘယ်လိုအောင်နိုင်ခဲ့သလဲ ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။

DW က ရေးသားခဲ့သည့် ဆောင်းပါးတွင် "ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေးအတွက် ဗီယက်နမ်သည် တင်းကြပ်သည့် အသွားအလာကန့်သတ်ခြင်းမူဝါဒများ ချမှတ်ခဲ့ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ အားလုံးကို ခြေရာကောက်ခဲ့သည်။ အစီအမံများကို ရောဂါကူးစက်မှုကာလအတွင်း တရုတ်နိုင်ငံထက် ပိုမိုစောစီးစွာ အကောင်အထည်ဖော်ခဲ့သည်။ မြို့များကို ဗိုင်းရပ်စ်ပိုးပျံ့နှံ့ခြင်းမှ ကာကွယ်ရန် နောက်ဆုံးသောနည်းလမ်းအဖြစ် မြို့များအားလုံးကို (Lock Down) ပိတ်ဆို့ထားခဲ့သည်" ဟု ရေးသားထားပြီး နေပူစာလှုံရန် အားပေးခဲ့သည့် အထောက်အထားတစုံတရာ မတွေ့ရပေ။

crd myanmar now
စိတ္ကူးသစ္မီဒီယာ ( Jennuary )
____________________________


Zawgyi်ဖင့္ဖတ္ရန္ေအာက္သို႔ၾသားပါ

ေနပူစာလႈံျခင္းက ကိုဗစ္ႏိုင္တင္းကို ကာကြယ္ႏိုင္သလား
____________________________________________
ေဒၚေအာင္ဆန္းစုၾကည္၏ ယမန္ေန့က အြန္လိုင္းေဆြႏြေးမႈတြင္ ကိုဗစ္ကာကြယ္ေရးအတြက္ ေနပူစာလႈံရန္ အားေပးလ်ွင္ေကာင္းမည္လားဟု စဉ္းစားေနသည္ဟု ေျပာဆိုခဲ့သည္

ကိုဗစ္ႏိုင္တင္း (COVID19) ကပ္ေရာဂါကာလတြင္ လူထုအေနျဖင့္ သတင္းမွားမ်ား၊ ေကာလာဟလမ်ားကို ေန့စဉ္ရင္ဆိုင္ေနရသည္မွာ ျပႆနာတခုျဖစ္ေနသည္။ တမာရြက္စားလ်ွင္ ကိုဗစ္ေပ်ာက္ႏိုင္သလား၊ အရက္ေသာက္လ်ွင္ ကိုဗစ္ကို ကာကြယ္ႏိုင္သလား၊ ေနာက္ဆံုးတစ္ခု ေနပူစာလႈံျခင္းကေရာ ကိုဗစ္ႏိုင္တင္းကို ကာကြယ္ႏိုင္ပါသလား စသျဖင့္ သတင္းစကားေပါင္းမ်ားစြာက Facebook အသံုးျပဳသူမ်ားေရာ၊ သာမန္လက္လုပ္လက္စားမ်ားၾကားတြင္ပါ ပ်ံ့ႏွံ႔ေနသည္။

လတ္တေလာအေနျဖင့္ ေဒၚေအာင္ဆန္းစုၾကည္က ကိုဗစ္ႏိုင္တင္း ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားတြင္ ပါဝင္သၫ့္ ခ်င္းျပည္နယ္မွ ျပည္သူမ်ားႏွင့္ ယမန္ေန့ (ဧၿပီ ၂၄)က အြန္လိုင္းအစည္းအေဝး အျပန္အလွန္ေဆြးေနြးရာတြင္ ကိုဗစ္ႏိုင္တင္း ကာကြယ္ေရး ေနပူစာလႈံရန္ အားေပးလ်ွင္ ေကာင္းမည္လား ဟု စဉ္းစားေနေၾကာင္း ထၫ့္သြင္းေျပာၾကားခဲ့သည္။

“ေျပာေနတာေတာ့ၾကာပါၿပီ တစ္လေလာက္ကထဲကေပါ့ေနာ္။ အပူရိွန္ျမင့္တဲ့ေနရာေတြမွာဆိုရင္ ကိုဗစ္က ပိုၿပီးသက္သာတယ္ဆိုၿပီးေတာ့ ေျပာၾကတယ္ တခ်ိဳ႕က အခု မေန့ကဆိုလို႔ရိွရင္ သုေတသီပညာရွင္ တစ္ေယာက္ကေတာ့ ကိုဗစ္က အပူခ်ိန္ျမင့္တဲ့ေနရာေတြမွာ စြတ္စိုထိုင္းမိႈင္းတဲ့ေနရာေတြမွာ ကိုဗစ္ပိုးက ၾကာၾကာမခံဘူးလို႔ ဆိုတယ္။ အဲ့ဒါကေတာ့ ဘယ္ေလာက္အထိေသခ်ာလဲေတာ့ မသိေသးဘူးေပါ့ေနာ္။ အဲ့ဒီေတာ့ အေမတို႔ဆီမွာ အမ်ားႀကီးရိွတာကေတာ့ ေနပူတယ္ ေနပူစာလႈံဖို႔ေတာ့ နည္းနည္းအားေပးရင္ ေကာင္းမလားလို႔စဉ္းစားတယ္” ဟု ေဒၚေအာင္ဆန္းစုၾကည္က ဆိုသည္။

(ေဒၚေအာင္ဆန္းစုၾကည္ ဧၿပီ ၂၄ က အြန္လိုင္းေဆြးေနြးမႈျပဳလုပ္ေနစဉ္)

ထိုသို႔လုပ္ျခင္းသည္ အသားညိုသြားျခင္းသာျဖစ္ႏိုင္ၿပီး တျခားျပႆနာ မရိွေလာက္ဘူးဟု ယူဆေၾကာင္း၊ က်န္းမာေရးဝန္ႀကီးဌာနကိုေမးကာ သေဘာတူမွ လုပ္ရမည္ျဖစ္ေၾကာင္း၊ ဗီယက္နမ္ႏိုင္ငံသည္ ကပ္ေရာဂါကို ေကာင္းစြာထိန္းခ်ဳပ္ႏိုင္ၿပီး ၄တို႔ဗီယက္နမ္တြင္ ေနပူစာလႈံျခင္းကို အားေပးသည္ဟု ၾကားရေၾကာင္း သူက ဆိုသည္။

ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားခဲ့သၫ့္ “သုေတသီပညာရွင္" ဆိုသည္မွာ မည္သူ႔ကို ရည္ၫႊန္းသည္ကို တိတိက်က် မသိရေပ။ သို႔ေသာ္ အဆိုပါ အပူခ်ိန္ျမင့္ျခင္း၊ စိုစြတ္ထိုင္းမိႈင္းျခင္းတို႔ႏွင့္ ကိုဗစ္ႏိုင္တင္းကာကြယ္ျခင္းကို ဆက္စပ္ျပသြားသည့္ ျဖစ္ရပ္တစ္တခု ဧၿပီ ၂၃ က အေမရိကန္ သမၼတအိမ္ျဖဴေတာ္တြင္ ျဖစ္ပြားခဲ့သည္။

အိမ္ျဖဴေတာ္၏ ကိုရိုနာဗိုင္းရပ္ဆိုင္ရာ ေန့စဉ္ သတင္းစာရွင္းလင္းပြဲတြင္ အမိေျမလံုၿခံဳေရးဌာန သိပၸံႏွင့္ နည္းပညာဆိုင္ရာ လက္ေထာက္အတြင္းေရးမႈး ဘီလ္ ဘရိုင္ယန္က “စမ္းသပ္မႈအသစ္ေတြအရ ဒီကိုရိုနာဗိုင္းရပ္ဟာ ေနေရာင္ေအာက္ ဒါမွမဟုတ္ အပူမွာဆိုရင္ ေကာင္းေကာင္း မစြမ္းႏိုင္ပါဘူး” ဟု ေျပာဆိုခဲ့သည္။

ထို႔ျပင္ “စစ္ေဆးၾကည့္ၿပီးသမ်ွ အေျခအေနေတြအရ (ပိုးေတြ့ရိွထားတဲ့) တံေတြးစက္ကေလးေတြထဲက ဗိုင္းရပ္ဟာ အိမ္ထဲမွာဆိုရင္၊ ေနာက္ ေျခာက္ေသြ့ေနတဲ့ အေျခအေနမွာဆိုရင္ ေကာင္းေကာင္းအသက္ရွင္ႏိုင္တာကို ေတြ့ရတယ္။ ဒီဗိုင္းရပ္ဟာ ေနေရာင္တိုက္ရိုက္က်တဲ့ ေနရာမွာဆိုရင္ ျမန္ျမန္ ေသႏိုင္တယ္” ဟု ထည့္ေျပာခဲ့သည္။

ဘရိုင္ယန္၏ ေျပာဆိုခ်က္မ်ားအၿပီးတြင္ တစ္ဆက္တည္းမွာပဲ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဗိုင္းရပ္ပိုးေတြ့ရိွထားသူမ်ား အေနျဖင့္ ပူျပင္းသည့္ေနရက္မ်ားတြင္ အျပင္ထြက္၍ ေနေရာင္ခံကာ ကုသၾကရန္ အႀကံေပးခဲ့သည္။

အေရးေပၚဆိုင္ရာ အေထြေထြေရာဂါကု သမားေတာ္ ေဒါက္တာ မီဂန္ရန္ေန ကို စီအန္အန္ (CNN) သတင္းဌာနက ေမးျမန္းခဲ့ရာတြင္ ျမင့္မားသည့္ အပူခ်ိန္တြင္ အျပင္ထြက္ၿပီး ေနပူခံျခင္းသည္ ကိုဗစ္ႏိုင္တင္းကို ကာကြယ္မည္မဟုတ္ဘဲ ေနပူေလာင္ျခင္း၊ အေရျပားကင္ဆာျဖစ္ႏိုင္ျခင္းႏွင့္ အျခား အႏၲရာယ္ရိွႏိုင္သည့္ အက်ိဳးဆက္မ်ားကိုပါ ခံစားရႏိုင္သည္ဟု ထရမ့္၏ အႀကံေပးခ်က္အေပၚ တံု႔ျပန္ ေျပာဆိုခဲ့သည္။

ထို႔ျပင္ London School of Hygiene and Tropical Medicine မွ ကူးစက္ေရာဂါပ်ံ့ပြားျခင္းႏွင့္ ကာကြယ္ျခင္းဆိုင္ရာ ပါေမာကၡ ေဒးဗစ္ ေဟးမန္း က “စမ္းသပ္စစ္ေဆးခ်က္ေတြကို တရားဝင္ ထုတ္ျပန္ေၾကညာတာမ်ိဳး မလုပ္ေသးဘဲ ခ်င့္ခ်ိန္ေျပာဆိုဖို႔ ေတာ္ေတာ္ခက္ပါမယ္။ တကယ္လို႔ စမ္းသပ္ၿပီးေတာ့ သက္သာသြားတယ္ဆိုတာ မွန္ေနရင္ေတာင္မွ (အခ်ိန္အတိုင္းအတာတခုအထိ) ထိန္းသိမ္းထားသင့္တယ္” ဟု ဝါရွင္တန္ပို႔စ္ သတင္းစာကို ေျဖၾကားထားသည္။ ပါေမာကၡ ေဒးဗစ္ ေဟးမန္း မွာ ကမ႓ာ့က်န္းမာေရးအဖြဲ႔ (WHO) ၏ ကူးစက္ေရာဂါ ေဘးအႏၲရာယ္ကာကြယ္ေရး အႀကံေပးေကာ္မတီ၏ ဥကၠ႒လည္း ျဖစ္သည္။

သူက “ပူတယ္၊ စိုစြတ္တယ္ဆိုတဲ့ စကၤာပူလိုႏိုင္ငံမွာေတာင္မွ ဒီဗိုင္းရပ္က ဆက္ၿပီး ပ်ံ့ေနတာကို ေတြ့ေနရေသးတာပဲ” ဟု ဆိုသည္။

ဧၿပီ တြင္ ကမ႓ာ့အပူဆံုးႏိုင္ငံမ်ားမွာ ေပၚတူဂီ၊ စပိန္၊ ဂရိ၊ တူရကီ၊ ေမာ္ရိုကို၊ အီဂ်စ္ ႏွင့္ မကၠဆီကိုႏိုင္ငံ တို႔ျဖစ္သည္။ အပူခ်ိန္ အနိမ့္ဆံုး ၂၀ ဒီဂရီမွ အပူဆံုး ၃၇ ဒီဂရီထိ ရိွသည္။ ထို႔ျပင္ စပိန္ႏိုင္ငံသည္ ကိုရိုနာပိုးအမ်ားဆံုးေတြ့ရိွရသူစာရင္းတြင္ ကမ႓ာ့ဒုတိယ အမ်ားဆံုးျဖစ္ၿပီး တူရကီႏိုင္ငံမွာ သတၲမေျမာက္ႏိုင္ငံျဖစ္သည္။ ေပၚတူဂီႏွင့္ မကၠဆီကို ႏိုင္ငံမ်ားသည္လည္း စာရင္း၏ ထိပ္ပိုင္းတြင္ ရိွေနသည္။

ကိုရိုနာဗိုင္းရပ္ႏွင့္ပတ္သက္သည့္ မေသခ်ာမေရရာသၫ့္ အယူအဆမ်ား ပ်ံ့ႏွံ႔ခဲ့သၫ့္ေနာက္ WHO က “ယံုတမ္းအေၾကာင္းအရာမ်ား” ဆိုသၫ့္ စာမ်က္ႏွာအသစ္ကို ၄တို႔ ဝက္ဘ္ဆိုက္တြင္ ဖြင့္လွစ္ခဲ့ၿပီး အယူအဆအမွားမ်ားကို ေျဖရွင္းခဲ့သည္။ ယင္းအနက္ ေနပူစာလႈံျခင္းႏွင့္ ျမင့္မားသည့္ ေနရာင္ျခည္ႏွင့္ ထိေတြ့ျခင္းက ကိုဗစ္ႏိုင္တင္းကို မကာကြယ္ႏိုင္ေၾကာင္း အတိအလင္းေဖာ္ျပထားသည္။

Picture_2_whos_warning.Png
(ကမ႓ာ့က်န္းမာေရးအဖြဲ႔က ထုတ္ျပန္ထားသည့္ သတိေပးစာ)
(ကမ႓ာ့က်န္းမာေရးအဖြဲ႔က ထုတ္ျပန္ထားသည့္ သတိေပးစာ)

ထို႔အျပင္ “သက္ေသအေထာက္အထားမ်ားအရ ပူေနြးစိုစြတ္ေသာရာသီဥတုရိွသၫ့္ ေနရာမ်ားအပါဝင္ ေနရာအားလံုးတြင္ ကိုဗစ္ႏိုင္တင္းသည္ ပ်ံႏွံ႔ႏိုင္သည္” ဟု WHO က ေျဖရွင္းထားသည္။

ထို႔အျပင္ ဗီယက္နမ္ က်န္းမာေရးဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္မ်ားတြင္လည္း ေနပူစာလႈံျခင္းကို အားေပးသည္ ဆိုသၫ့္ အေထာက္အထားမ်ားမေတြ့ရေပ။ တျခားႏိုင္ငံမ်ားကဲ့သို႔ပင္ လက္ေဆးရန္၊ တစ္ဦးႏွင့္ တဦး ၂ မီတာအကြာမွ ဆက္ဆံၾကရန္၊ လူစုလူေဝးမလုပ္ၾကရန္၊ မလိုအပ္ဘဲ အျပင္မထြက္ရန္၊ ခရီးမသြားရန္၊ ဗိုင္းရပ္သံသယရိွပါက သက္ဆိုင္ရာကို အေၾကာင္းၾကားရန္၊ အျပင္ထြက္ပါက ႏွာေခါင္းစည္း တပ္ရန္ႏွင့္ က်န္းမာသၫ့္ လူေနမႈပံုစံျဖင့္ ေနထိုင္ၾကရန္သာ ထုတ္ျပန္ထားသည္။

ဗီယက္နမ္သည္ လူဦးေရထူထပ္ၿပီး တရုတ္ႏိုင္ငံႏွင့္ နယ္နိမိတ္ ရွည္လ်ားစြာ ထိစပ္ေနေသာ္လည္း ဗိုင္းရပ္ကူးစပ္ခံရသူ ၂၇၀ ႏွင့္ ျပန္လည္ေကာင္းမြန္သူ ၂၂၅ ဦးရိွၿပီး ေသဆံုးသူလံုးဝမရိွေပ။ DW သတင္းဌာနက ဗီယက္နမ္ ႏိုင္ငံ၏ ေရာဂါေအာင္ႏိုင္မႈအေၾကာင္းကို ကိုရိုနာဗိုင္းရပ္စစ္ပြဲကို ဗီယက္နမ္က ဘယ္လိုေအာင္ႏိုင္ခဲ့သလဲ ေခါင္းစဉ္ျဖင့္ ေရးသားခဲ့သည္။

DW က ေရးသားခဲ့သၫ့္ ေဆာင္းပါးတြင္ "ကိုရိုနာဗိုင္းရပ္ တိုက္ဖ်က္ေရးအတြက္ ဗီယက္နမ္သည္ တင္းၾကပ္သၫ့္ အသြားအလာကန္႔သတ္ျခင္းမူဝါဒမ်ား ခ်မွတ္ခဲ့ၿပီး ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရသူ အားလံုးကို ေျခရာေကာက္ခဲ့သည္။ အစီအမံမ်ားကို ေရာဂါကူးစက္မႈကာလအတြင္း တရုတ္ႏိုင္ငံထက္ ပိုမိုေစာစီးစြာ အေကာင္အထည္ေဖာ္ခဲ့သည္။ ၿမိဳ႔မ်ားကို ဗိုင္းရပ္စ္ပိုးပ်ံ့ႏွံ႔ျခင္းမွ ကာကြယ္ရန္ ေနာက္ဆံုးေသာနည္းလမ္းအျဖစ္ ၿမိဳ႔မ်ားအားလံုးကို (Lock Down) ပိတ္ဆို႔ထားခဲ့သည္" ဟု ေရးသားထားၿပီး ေနပူစာလႈံရန္ အားေပးခဲ့သည့္ အေထာက္အထားတစံုတရာ မေတြ့ရေပ။

crd myanmar now
စိတ္ကူးသစ္မီဒီယာ ( Jennuary )

No comments:

Post a Comment