Zawgyiျဖင့္ဖတ္ရန္ေအာက္သို႔သြားပါ
မတော်တဆဖြစ်ရပ်တွေဟာ မထင်မှတ်တဲ့ အခိုက်အတန့်လေးအတွင်းမှာ ဖြစ်သွားတတ်ပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ တစ်သက်လုံး ကပ်ငြိလိုက်ပါလာလေ့ ရှိပါတယ်။ လူထဲက လူတွေပဲဖြစ်တဲ့ Idol တွေမှာလည်း မထင်မှတ်တဲ့ အခိုက်အတန့်လေးတစ်ခုကြောင့် ပြင်းထန်တဲ့ အက်ဆီးဒင့်တွေ ကြုံခဲ့ရပြီး နာတာရှည်ဒဏ်ရာတွေကို ခံစားရတာမျိုး ရှိပါတယ်။ အဲ့လိုအဖြစ်အပျက်မျိုး ကြုံခဲ့ရတဲ့ ကိုရီးယားစတား (၇)ယောက်ကတော့ …
(၁) Super Junior အဖွဲ့က Heechul
Photo: kimheenim/ Instagram
Heechul ဟာ လွန်ခဲ့တဲ့ (၁၄)နှစ်လောက်တုန်းက ပြင်းထန်တဲ့ ကားအက်ဆီးဒင့်တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ အက်ဆီးဒင့်ကြောင့် သူ့ရဲ့ဘယ်ဘက်ခြေထောက်ဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်။
Heechul ဟာ လွန်ခဲ့တဲ့ (၁၄)နှစ်လောက်တုန်းက ပြင်းထန်တဲ့ ကားအက်ဆီးဒင့်တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ အက်ဆီးဒင့်ကြောင့် သူ့ရဲ့ဘယ်ဘက်ခြေထောက်ဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်။
Photo: koreaboo
ပြန်ပြီးထူထူထောင်ထောင် ဖြစ်ဖို့ အချိန်အကြာကြီးယူကာ ဆေးကုသမှုတေွ ခံယူခဲ့ရပေမယ့် ဒီနေ့အချိန်အထိ ဒဏ်ရာဖြစ်ထားတဲ့နေရာက နာနေတုန်းပဲလို့ ဆိုပါတယ်။ ခြေထောက်ကို ထိသွားတာဖြစ်လို့ အကဘက်မှာလည်း အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ Heechul ကတော့ သူ့ကိုယ်တိုင်ထက် သူ့ရဲ့အဖွဲ့သားတွေနဲ့ ပရိသတ်တွေအပေါ် အားနာပြီး စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ Super Junior အဖွဲ့ comeback ပြန်လာတဲ့အချိန်မှာ Heechul ဟာ အကပိုင်းမှာ ယုံကြည်မှု သိပ်မရှိတာမို့ မှားယွင်းပျက်ကွက်မှုတွေ ရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့ ပရိသတ်တွေဆီကို အသိပေး တောင်းပန်ခဲ့ပါသေးတယ်။
(၂) INFINITE အဖွဲ့က Woohyun
Photo: nwh91/ Instagram
Idol Star အားကစားချန်ပီယံပြိုင်ပွဲတွေဟာ ပြိုင်ဆိုင်မှု ပြင်းထန်သလို ပြိုင်ပွဲတွင်းမှာလည်း ရံဖန်ရံခါဆိုသလို ကြမ်းတမ်းမှုတွေ ရှိတတ်ပါတယ်။ ဒီအကြောင်းကိုတော့ INFINITE အဖွဲ့က Woohyun က အမြဲအမှတ်ရနေစေဖို့ ဥပမာပေးထားပါတယ်။ ၂၀၁၄ခုနှစ်မှာ ကျင်းပခဲ့တဲ့ အားကစားပြိုင်ပွဲမှာ Woohyun တစ်ယောက် ဖူဆယ်ဘောလုံး ဝင်ပြိုင်ရင်း အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ ဘယ်ဘက်လက်မောင်းရင်းမှာ အရွတ်ပြဲသွားတာကြောင့် ကာလကြာရှည် ဆေးကုသမှု ခံယူခဲ့ရပြီး လက်တစ်ချောင်းလုံး အားပြုလှုပ်ရှားတာမျိုးလည်း လုပ်လို့မရတော့ဘူးလို့ ဆိုပါတယ်။

(၃) Lee Min Ho
Photo: actorleeminho/ Instagram
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသားချော Lee Min Ho ဟာလည်း ၂၀၀၆ခုနှစ်လောက်တုန်းက အကြီးစား ယာဉ်တိုက်မှုတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ ဖြစ်ချင်တော့ Lee Min Ho နဲ့အတူ မင်းသားချော Jung Il Woo ကလည်း ကားတစ်စီးတည်းမှာ အတူတူ စီးနင်းလိုက်ပါလာခဲ့ချိန်မှာ ဖြစ်ပါတယ်။ အဆိုပါ ယာဉ်တိုက်မှုမှာ Lee Min Ho နဲ့ Jung Il Woo တို့က အသည်းအသန် ဖြစ်ခဲ့ပြီး ယာဉ်မောင်းနဲ့ ကားပေါ်မှာ နောက်ထပ်ပါလာတဲ့ လူတစ်ယောက်ကတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြပါတယ်။

Lee Min Ho ကတော့ ဒဏ်ရာတွေ ပြင်းထန်လွန်းလို့ လနဲ့ချီပြီး ဆေးရုံတက်ခဲ့ရပါတယ်။ ပေါင်နဲ့ခြေကျင်းဝတ်တို့မှာ အရိုးကျေမွသွားခဲ့ပြီး ဒူးခေါင်းမှာတော့ အရွတ်ပြဲသွားခဲ့ပါတယ်။ ပေါင်က အရိုးကျေသွားတဲ့ ဒဏ်ရာက ပြင်းလွန်းလို့ (၄၆)စင်တီမီတာအရွယ်ရှိတဲ့ စတီးလ်ချောင်းပါ ထည့်ခဲ့ရပါတယ်။ Lee Min Ho ဟာ အလုပ်များလွန်းတဲ့ မင်းသားတစ်လက်ဖြစ်တာကြောင့် လိုအပ်တဲ့ အချိန်အထိ အကင်းသေအောင် ကုသအနားယူခွင့်မရခဲ့ဘဲ အလုပ်ပြန်လုပ်ခဲ့ရပါတယ်။ အဲ့ဒါကြောင့် ထိထားတဲ့နေရာက ဒဏ်ဖြစ်နေပြီး အခုအချိန်အထိ နာကျင်ကိုက်ခဲမှုကို ခံစားနေရဆဲလို့ ဆိုပါတယ်။

(၄) Jung Il Woo
Photo: jilwww/ Instagram
Jung Il Woo ဟာ Lee Min Ho နဲ့အတူတူ ကားတစ်စီးတည်းမှာစီးရင်း ယာဉ်တိုက်မှု ကြုံခဲ့ရတာဖြစ်ပြီး သူရရှိခဲ့တဲ့ ဒဏ်ရာတွေကတော့ Lee Min Ho ထက်တောင် ပိုဆိုးပါသေးတယ်။ Jung Il Woo ဟာ ဦးခေါင်းပိုင်းမှာ အဓိက ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကားတိုက်မှုအရှိန်ကြောင့် ဦးနှောက်အထဲပိုင်းက လှုပ်ခါမှုဖြစ်ကာ အချို့သော ဦးနှောက်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဦးနှောက်အတွင်းမှာ သွေးကြောပေါက်သွားပြီး မှတ်ဉာဏ်တစ်ပိုင်းတစ်စ ပျောက်ပျက်၊ မေ့လျော့သွားခဲ့ပါတယ်။ ဦးခေါင်းပိုင်းတင်မက လက်ကောက်ဝတ်အရိုးနဲ့ မြီးညှောင့်ရိုးတို့လည်း ကျိုးသွားခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ ဆေးရုံမှာ လနဲ့ချီပြီး အရေးပေါ် ကုသမှုတွေ ခံယူခဲ့ရတာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့တာကြောင့် Lee Min Ho နဲ့ Jung Il Woo တို့နှစ်ယောက်လုံးဟာ စစ်မှုထမ်းရမယ့် တာဝန်ကနေ ကင်းလွတ်ခွင့်ရခဲ့ပြီး အစားထိုးအနေနဲ့ ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းတွေမှာ တာဝန်ထမ်းခဲ့ကြရပါတယ်။

(၅) Super Junior အဖွဲ့က Kyuhyun
Photo: gyuram88/ Instagram
Heechul ကားအက်ဆီးဒင့်ဖြစ်ပြီး တစ်နှစ်အကြာ ၂၀၀၇ခုနှစ်မှာပဲ Kyuhyun ဟာလည်း အကြီးစား ကားအက်ဆီးဒင့်ထဲမှာ ပါဝင်ခဲ့ပါတယ်။ အက်ဆီးဒင့်ဖြစ်တဲ့ထဲမှာ Kyuhyun က ဒဏ်ရာအပြင်းထန်ဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။ တင်ပါးရိုးအက်သွားပြီး နံရိုးတွေလည်း ကျိုးသွားပါတယ်။ ခန္ဓာကိုယ်အထက်ပိုင်းမှာတော့ စုတ်ပြဲ၊ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အဲ့ဒါတင်မက ကျိုးသွားတဲ့နံရိုးတွေထဲက တစ်ချောင်းက အဆုတ်ကို သွားဖောက်ပါတယ်။ ဒီဒဏ်ရာတွေကြောင့်ပဲ Kyuhyun ဟာ လေးရက်ကြာ ကိုမာဝင်နေခဲ့ပြီး အသက်ရှင်ဖို့ အခွင့်အရေး (၂၀)ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

Kyuhyun ဟာ စိတ်ဓာတ်ကြံ့ကြံ့ခံပြီး ရင်ဆိုင်ဖြတ်သန်းခဲ့ပေမယ့် ICU ထဲမှာ ခြောက်ရက်လောက်ကြာအောင် နေခဲ့ရပါတယ်။ အက်ဆီးဒင့်ဖြစ်ပြီး တစ်လလောက်အထိ လမ်းမလျှောက်နိုင်ခဲ့ပါဘူး။ ဒဏ်ရာတွေက ပြင်းထန်လွန်းလို့ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကနေ လေးငါးလလောက်ကြာအောင် ဘေးထွက်ထိုင်နေခဲ့ရပါတယ်။

(၆) Royal Pirate အဖွဲ့က James
Photo: koreaboo
James ဟာ ကိုရီးယား-အမေရိကန်ဖက်စပ် ရော့ခ်တီးဝိုင်းက အဖွဲ့ဝင်တစ်ယောက်ပါ။ ၂၀၁၅ခုနှစ်မှာတော့ James ဟာ သူငယ်ချင်းတစ်ယောက်နဲ့ သွားဖို့ စားသောက်ဆိုင်တစ်ဆိုင်ကို သွားခဲ့ပါတယ်။ စားသောက်ဆိုင်အရောက် အထဲကိုဝင်ဖို့ တံခါးကိုဆွဲအဖွင့်မှာ တံခါးရဲ့စတီးလ်ဖရိန်ကြီးတစ်ခုလုံးက သူ့ပေါ်ကို ပြုတ်ကျလာခဲ့ပါတယ်။ သူ့ရဲ့လက်ကောက်ဝတ်၊ ပုခုံးနဲ့ခေါင်းတို့ကို ထိသွားခဲ့ပြီး နေရာမှာတင် သတိလစ်မေ့မျောသွားခဲ့ပါတယ်။

လက်မှာ ရထားတဲ့ ဒဏ်ရာက ပြင်းလွန်းလို့ ရှစ်နာရီကြာ ခွဲစိတ်ခန်းဝင်ခဲ့ရပါတယ်။ ဘယ်ဘက်လက်မှာ ထိသွားတဲ့ ဒဏ်ရာက တော်တော်လေးကို ပြင်းထန်ပြီး အာရုံကြောတွေကိုလည်း ထိသွားလို့ ဆရာဝန်တွေကတော့ ဖြတ်ပစ်လိုက်ဖို့ အကြံပေးခဲ့ပေမယ့် James ကတော့ ငြင်းဆိုခဲ့ပါတယ်။ အဲ့ဒီ့တည်းကစပြီး အဖွဲ့ကနေလည်း ထွက်လိုက်ရသလို ခွဲစိတ်မှုတွေကိုလည်း ဆက်လုပ်နေရဆဲ ဖြစ်ပါတယ်။

(၇) Kim Jong Kook
Photo: kim_jong_kook/ Instagram
Kim Jong Kook ဟာ ငယ်ငယ်တုန်းက ခြေထောက်ကျိုးခဲ့ဖူးပါတယ်။ အဲ့ဒီ့ဒဏ်က ကျောရိုးမကြီးမှာ အာရုံခံချပ်ပြားလေးတွေ လွဲတာကို ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်ပဲ နာကျင်တဲ့ဝေဒနာကို သက်သာစေဖို့ Kim Jong Kook ဟာ လေ့ကျင့်ခန်းတွေ အလွန်အကျွံ ပြုလုပ်တဲ့အကျင့် ရလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နာကျင်မှုက သက်သာမသွားဘဲ ပိုဆိုးလာတဲ့အပြင် မြီးညှောင့်ရိုးနဲ့ ခြေထောက်မှာပါ ဒဏ်တွေ ဖြစ်လာခဲ့ပါတယ်။

တစစနဲ့ သူ့ရဲ့ဘယ်ဘက်ခန္ဓာကိုယ်အခြမ်းမှာ ရှိတဲ့ နာကျင်မှုကို ခံစားနိုင်တဲ့ အာရုံခံစားမှုတွေကိုပါ ဆုံးရှုံးတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ Kim Jong Kook ဟာ ခွဲစိတ်မှုပေါင်းများစွာကို ခံယူခဲ့ရပြီး ကုထုံးများစွာနဲ့လည်း ကုသမှု ခံယူခဲ့ရပါတယ်။ သို့ပေမယ့် ယခုအချိန်အထိ နာကျင်မှုတွေကို ခံစားနေရဆဲ ဖြစ်ပါတယ်။

ဒါကတော့ မတော်တဆမှုတွေကြောင့် ပြင်းထန်ဆိုးရွားတဲ့ နာတာရှည်ဒဏ်ရာတွေကို ရရှိခဲ့ကြဖူးတဲ့ ကေစတားတွေပဲ ဖြစ်ပါတယ်။ အားလုံးပဲ ခံစားနေရတဲ့ ဒဏ်ရာတွေကနေ သက်သာပျောက်ကင်းကြပါစေလို့လည်း ဆုတောင်းပေးလိုက်ပါ်တယ်။
စိတ်ကူးသစ်မီဒီယာ ( Jennuary )
________________×_________________
မေတာ္တဆျဖစ္ရပ္ေတြဟာ မထင္မွတ္တဲ့ အခိုက္အတန႔္ေလးအတြင္းမွာ ျဖစ္သြားတတ္ေပမယ့္ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကေတာ့ တစ္သက္လံုး ကပ္ၿငိလိုက္ပါလာေလ့ ရိွပါတယ္။ လူထဲက လူေတြပဲျဖစ္တဲ့ Idol ေတြမွာလည္း မထင္မွတ္တဲ့ အခိုက္အတန႔္ေလးတစ္ခုေၾကာင့္ ျပင္းထန္တဲ့ အက္ဆီးဒင့္ေတြ ႀကံဳခဲ့ရၿပီး နာတာရွည္ဒဏ္ရာေတြကို ခံစားရတာမ်ိဳး ရိွပါတယ္။ အဲ့လိုအျဖစ္အပ်က္မ်ိဳး ႀကံဳခဲ့ရတဲ့ ကိုရီးယားစတား (၇)ေယာက္ကေတာ့ …
(၁) Super Junior အဖြဲ႔က Heechul
Photo: kimheenim/ Instagram
Heechul ဟာ လြန္ခဲ့တဲ့ (၁၄)ႏွစ္ေလာက္တုန္းက ျပင္းထန္တဲ့ ကားအက္ဆီးဒင့္တစ္ခု ျဖစ္ခဲ့ဖူးပါတယ္။ အက္ဆီးဒင့္ေၾကာင့္ သူ႔ရဲ့ဘယ္ဘက္ေျခေထာက္ဟာ ျပင္းျပင္းထန္ထန္ ဒဏ္ရာရရိွခဲ့ပါတယ္။ ျပန္ၿပီးထူထူေထာင္ေထာင္ ျဖစ္ဖို႔ အခ်ိန္အၾကာႀကီးယူကာ ေဆးကုသမႈေတြ ခံယူခဲ့ရေပမယ့္ ဒီေန့အခ်ိန္အထိ ဒဏ္ရာျဖစ္ထားတဲ့ေနရာက နာေနတုန္းပဲလို႔ ဆိုပါတယ္။ ေျခေထာက္ကို ထိသြားတာျဖစ္လို႔ အကဘက္မွာလည္း အခက္အခဲေတြ အမ်ားႀကီးနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။
Photo: koreaboo
ဒီကိစၥနဲ႔ ပတ္သက္လို႔ Heechul ကေတာ့ သူ႔ကိုယ္တိုင္ထက္ သူ႔ရဲ့အဖြဲ႔သားေတြနဲ႔ ပရိသတ္ေတြအေပၚ အားနာၿပီး စိတ္မေကာင္းျဖစ္မိတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ပဲ Super Junior အဖြဲ႔ comeback ျပန္လာတဲ့အခ်ိန္မွာ Heechul ဟာ အကပိုင္းမွာ ယံုၾကည္မႈ သိပ္မရိွတာမို႔ မွားယြင္းပ်က္ကြက္မႈေတြ ရိွခဲ့ရင္ ခြင့္လႊတ္ေပးဖို႔ ပရိသတ္ေတြဆီကို အသိေပး ေတာင္းပန္ခဲ့ပါေသးတယ္။
(၂) INFINITE အဖြဲ႔က Woohyun
Photo: nwh91/ Instagram
Idol Star အားကစားခ်န္ပီယံၿပိဳင္ပြဲေတြဟာ ၿပိဳင္ဆိုင္မႈ ျပင္းထန္သလို ၿပိဳင္ပြဲတြင္းမွာလည္း ရံဖန္ရံခါဆိုသလို ၾကမ္းတမ္းမႈေတြ ရိွတတ္ပါတယ္။ ဒီအေၾကာင္းကိုေတာ့ INFINITE အဖြဲ႔က Woohyun က အၿမဲအမွတ္ရေနေစဖို႔ ဥပမာေပးထားပါတယ္။ ၂၀၁၄ခုႏွစ္မွာ က်င္းပခဲ့တဲ့ အားကစားၿပိဳင္ပြဲမွာ Woohyun တစ္ေယာက္ ဖူဆယ္ေဘာလံုး ဝင္ၿပိဳင္ရင္း အျပင္းအထန္ ဒဏ္ရာရခဲ့ပါတယ္။ ဘယ္ဘက္လက္ေမာင္းရင္းမွာ အရြတ္ၿပဲသြားတာေၾကာင့္ ကာလၾကာရွည္ ေဆးကုသမႈ ခံယူခဲ့ရၿပီး လက္တစ္ေခ်ာင္းလံုး အားျပဳလႈပ္ရွားတာမ်ိဳးလည္း လုပ္လို႔မရေတာ့ဘူးလို႔ ဆိုပါတယ္။
(၃) Lee Min Ho
Photo: actorleeminho/ Instagram
ႏႈတ္ခမ္းနီမေလးေတြရဲ့ အသည္းစြဲမင္းသားေခ်ာ Lee Min Ho ဟာလည္း ၂၀၀၆ခုႏွစ္ေလာက္တုန္းက အႀကီးစား ယာဉ္တိုက္မႈတစ္ခုနဲ႔ ႀကံဳခဲ့ရပါတယ္။ ျဖစ္ခ်င္ေတာ့ Lee Min Ho နဲ႔အတူ မင္းသားေခ်ာ Jung Il Woo ကလည္း ကားတစ္စီးတည္းမွာ အတူတူ စီးနင္းလိုက္ပါလာခဲ့ခ်ိန္မွာ ျဖစ္ပါတယ္။ အဆိုပါ ယာဉ္တိုက္မႈမွာ Lee Min Ho နဲ႔ Jung Il Woo တို႔က အသည္းအသန္ ျဖစ္ခဲ့ၿပီး ယာဉ္ေမာင္းနဲ႔ ကားေပၚမွာ ေနာက္ထပ္ပါလာတဲ့ လူတစ္ေယာက္ကေတာ့ ပြဲခ်င္းၿပီး ေသဆံုးသြားခဲ့ၾကပါတယ္။
Photo: koreaboo
Lee Min Ho ကေတာ့ ဒဏ္ရာေတြ ျပင္းထန္လြန္းလို႔ လနဲ႔ခ်ီၿပီး ေဆးရံုတက္ခဲ့ရပါတယ္။ ေပါင္နဲ႔ေျခက်င္းဝတ္တို႔မွာ အရိုးေက်မြသြားခဲ့ၿပီး ဒူးေခါင္းမွာေတာ့ အရြတ္ၿပဲသြားခဲ့ပါတယ္။ ေပါင္က အရိုးေက်သြားတဲ့ ဒဏ္ရာက ျပင္းလြန္းလို႔ (၄၆)စင္တီမီတာအရြယ္ရိွတဲ့ စတီးလ္ေခ်ာင္းပါ ထၫ့္ခဲ့ရပါတယ္။ Lee Min Ho ဟာ အလုပ္မ်ားလြန္းတဲ့ မင္းသားတစ္လက္ျဖစ္တာေၾကာင့္ လိုအပ္တဲ့ အခ်ိန္အထိ အကင္းေသေအာင္ ကုသအနားယူခြင့္မရခဲ့ဘဲ အလုပ္ျပန္လုပ္ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ ထိထားတဲ့ေနရာက ဒဏ္ျဖစ္ေနၿပီး အခုအခ်ိန္အထိ နာက်င္ကိုက္ခဲမႈကို ခံစားေနရဆဲလို႔ ဆိုပါတယ္။
(၄) Jung Il Woo
Photo: jilwww/ Instagram
Jung Il Woo ဟာ Lee Min Ho နဲ႔အတူတူ ကားတစ္စီးတည္းမွာစီးရင္း ယာဉ္တိုက္မႈ ႀကံဳခဲ့ရတာျဖစ္ၿပီး သူရရိွခဲ့တဲ့ ဒဏ္ရာေတြကေတာ့ Lee Min Ho ထက္ေတာင္ ပိုဆိုးပါေသးတယ္။ Jung Il Woo ဟာ ဦးေခါင္းပိုင္းမွာ အဓိက ဒဏ္ရာရရိွခဲ့တာျဖစ္ၿပီး ကားတိုက္မႈအရိွန္ေၾကာင့္ ဦးေနွာက္အထဲပိုင္းက လႈပ္ခါမႈျဖစ္ကာ အခ်ိဳ႕ေသာ ဦးေနွာက္ရဲ့ လုပ္ငန္းေဆာင္ရြက္ခ်က္ေတြ ပ်က္စီးသြားခဲ့တယ္လို႔ ဆိုပါတယ္။
Photo: koreaboo
ဒါ့အျပင္ ဦးေနွာက္အတြင္းမွာ ေသြးေၾကာေပါက္သြားၿပီး မွတ္ဉာဏ္တစ္ပိုင္းတစ္စ ေပ်ာက္ပ်က္၊ ေမ့ေလ်ာ့သြားခဲ့ပါတယ္။ ဦးေခါင္းပိုင္းတင္မက လက္ေကာက္ဝတ္အရိုးနဲ႔ ၿမီးေၫွာင့္ရိုးတို႔လည္း က်ိဳးသြားခဲ့ပါေသးတယ္။ ဒါေၾကာင့္ပဲ ေဆးရံုမွာ လနဲ႔ခ်ီၿပီး အေရးေပၚ ကုသမႈေတြ ခံယူခဲ့ရတာ ျဖစ္ပါတယ္။ ျပင္းထန္တဲ့ ဒဏ္ရာေတြ ရခဲ့တာေၾကာင့္ Lee Min Ho နဲ႔ Jung Il Woo တို႔ႏွစ္ေယာက္လံုးဟာ စစ္မႈထမ္းရမယ့္ တာဝန္ကေန ကင္းလြတ္ခြင့္ရခဲ့ၿပီး အစားထိုးအေနနဲ႔ ျပည္သူ႔အက်ိဳးျပဳ ဝန္ေဆာင္မႈလုပ္ငန္းေတြမွာ တာဝန္ထမ္းခဲ့ၾကရပါတယ္။
(၅) Super Junior အဖြဲ႔က Kyuhyun
Photo: gyuram88/ Instagram
Heechul ကားအက္ဆီးဒင့္ျဖစ္ၿပီး တစ္ႏွစ္အၾကာ ၂၀၀၇ခုႏွစ္မွာပဲ Kyuhyun ဟာလည္း အႀကီးစား ကားအက္ဆီးဒင့္ထဲမွာ ပါဝင္ခဲ့ပါတယ္။ အက္ဆီးဒင့္ျဖစ္တဲ့ထဲမွာ Kyuhyun က ဒဏ္ရာအျပင္းထန္ဆံုး ရရိွခဲ့တာ ျဖစ္ပါတယ္။ တင္ပါးရိုးအက္သြားၿပီး နံရိုးေတြလည္း က်ိဳးသြားပါတယ္။ ခႏၶာကိုယ္အထက္ပိုင္းမွာေတာ့ စုတ္ၿပဲ၊ ပြန္းပဲ့ဒဏ္ရာေတြ ရရိွခဲ့ပါတယ္။ အဲ့ဒါတင္မက က်ိဳးသြားတဲ့နံရိုးေတြထဲက တစ္ေခ်ာင္းက အဆုတ္ကို သြားေဖာက္ပါတယ္။ ဒီဒဏ္ရာေတြေၾကာင့္ပဲ Kyuhyun ဟာ ေလးရက္ၾကာ ကိုမာဝင္ေနခဲ့ၿပီး အသက္ရွင္ဖို႔ အခြင့္အေရး (၂၀)ရာခိုင္ႏႈန္းသာ ရိွခဲ့ပါတယ္။
Photo: koreaboo
Kyuhyun ဟာ စိတ္ဓာတ္ႀကံ့ႀကံ့ခံၿပီး ရင္ဆိုင္ျဖတ္သန္းခဲ့ေပမယ့္ ICU ထဲမွာ ေျခာက္ရက္ေလာက္ၾကာေအာင္ ေနခဲ့ရပါတယ္။ အက္ဆီးဒင့္ျဖစ္ၿပီး တစ္လေလာက္အထိ လမ္းမေလ်ွာက္ႏိုင္ခဲ့ပါဘူး။ ဒဏ္ရာေတြက ျပင္းထန္လြန္းလို႔ အဖြဲ႔ရဲ့ လႈပ္ရွားမႈေတြကေန ေလးငါးလေလာက္ၾကာေအာင္ ေဘးထြက္ထိုင္ေနခဲ့ရပါတယ္။
(၆) Royal Pirate အဖြဲ႔က James
Photo: koreaboo
James ဟာ ကိုရီးယား-အေမရိကန္ဖက္စပ္ ေရာ့ခ္တီးဝိုင္းက အဖြဲ႔ဝင္တစ္ေယာက္ပါ။ ၂၀၁၅ခုႏွစ္မွာေတာ့ James ဟာ သူငယ္ခ်င္းတစ္ေယာက္နဲ႔ သြားဖို႔ စားေသာက္ဆိုင္တစ္ဆိုင္ကို သြားခဲ့ပါတယ္။ စားေသာက္ဆိုင္အေရာက္ အထဲကိုဝင္ဖို႔ တံခါးကိုဆြဲအဖြင့္မွာ တံခါးရဲ့စတီးလ္ဖရိန္ႀကီးတစ္ခုလံုးက သူ႔ေပၚကို ျပဳတ္က်လာခဲ့ပါတယ္။ သူ႔ရဲ့လက္ေကာက္ဝတ္၊ ပုခံုးနဲ႔ေခါင္းတို႔ကို ထိသြားခဲ့ၿပီး ေနရာမွာတင္ သတိလစ္ေမ့ေမ်ာသြားခဲ့ပါတယ္။
Photo: koreaboo
လက္မွာ ရထားတဲ့ ဒဏ္ရာက ျပင္းလြန္းလို႔ ရွစ္နာရီၾကာ ခြဲစိတ္ခန္းဝင္ခဲ့ရပါတယ္။ ဘယ္ဘက္လက္မွာ ထိသြားတဲ့ ဒဏ္ရာက ေတာ္ေတာ္ေလးကို ျပင္းထန္ၿပီး အာရံုေၾကာေတြကိုလည္း ထိသြားလို႔ ဆရာဝန္ေတြကေတာ့ ျဖတ္ပစ္လိုက္ဖို႔ အႀကံေပးခဲ့ေပမယ့္ James ကေတာ့ ျငင္းဆိုခဲ့ပါတယ္။ အဲ့ဒီ့တည္းကစၿပီး အဖြဲ႔ကေနလည္း ထြက္လိုက္ရသလို ခြဲစိတ္မႈေတြကိုလည္း ဆက္လုပ္ေနရဆဲ ျဖစ္ပါတယ္။
(၇) Kim Jong Kook
Photo: kim_jong_kook/ Instagram
Kim Jong Kook ဟာ ငယ္ငယ္တုန္းက ေျခေထာက္က်ိဳးခဲ့ဖူးပါတယ္။ အဲ့ဒီ့ဒဏ္က ေက်ာရိုးမႀကီးမွာ အာရံုခံခ်ပ္ျပားေလးေတြ လြဲတာကို ျဖစ္ေစခဲ့ပါတယ္။ ဒါေၾကာင့္ပဲ နာက်င္တဲ့ေဝဒနာကို သက္သာေစဖို႔ Kim Jong Kook ဟာ ေလ့က်င့္ခန္းေတြ အလြန္အကြၽံ ျပဳလုပ္တဲ့အက်င့္ ရလာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ နာက်င္မႈက သက္သာမသြားဘဲ ပိုဆိုးလာတဲ့အျပင္ ၿမီးေၫွာင့္ရိုးနဲ႔ ေျခေထာက္မွာပါ ဒဏ္ေတြ ျဖစ္လာခဲ့ပါတယ္။
Photo: koreaboo
တစစနဲ႔ သူ႔ရဲ့ဘယ္ဘက္ခႏၶာကိုယ္အျခမ္းမွာ ရိွတဲ့ နာက်င္မႈကို ခံစားႏိုင္တဲ့ အာရံုခံစားမႈေတြကိုပါ ဆံုးရႈံးတဲ့အထိ ျဖစ္လာခဲ့ပါတယ္။ Kim Jong Kook ဟာ ခြဲစိတ္မႈေပါင္းမ်ားစြာကို ခံယူခဲ့ရၿပီး ကုထံုးမ်ားစြာနဲ႔လည္း ကုသမႈ ခံယူခဲ့ရပါတယ္။ သို႔ေပမယ့္ ယခုအခ်ိန္အထိ နာက်င္မႈေတြကို ခံစားေနရဆဲ ျဖစ္ပါတယ္။
ဒါကေတာ့ မေတာ္တဆမႈေတြေၾကာင့္ ျပင္းထန္ဆိုးရြားတဲ့ နာတာရွည္ဒဏ္ရာေတြကို ရရိွခဲ့ၾကဖူးတဲ့ ေကစတားေတြပဲ ျဖစ္ပါတယ္။ အားလံုးပဲ ခံစားေနရတဲ့ ဒဏ္ရာေတြကေန သက္သာေပ်ာက္ကင္းၾကပါေစလို႔လည္း ဆုေတာင္းေပးလိုက္ပၚတယ္။
စိတ္ကူးသစ္မီဒီယာ ( Jennuary )

No comments:
Post a Comment